Part7

111 19 5
                                    

Unicode

နေ့ခင်း၁၂နာရီထိုးတော့မှ နွေဦးတစ်ယောက်နိုးတော့တယ်။မနက်ကမေမေလာနိုးတော့ အိပ်ချင်နေတာနဲ့ကျောင်းကိုခွင့်တိုင်ပေးရန်ပြောပြီးပြန်အိပ်နေလိုက်သည်။
အခုချိန်မှထတာတောင် အိပ်ရေးမဝသေးဘူး။

" ဝါး....ဘယ်အချိန်ရှိနေပြီလဲမသိဘူး "

အိပ်ချင်မူးတူထထိုင်ပြီး ဖုန်းဖွင့်ကြည့်တော့နွေဦးမျက်လုံးနှစ်လုံးပြူးလို့။ခွန်းနဲ့ဝင့်လွှာတို့ရဲ့ missed call 20တောင် messageတွေလဲ ပို့ထားတာအများကြီးပဲ။အချိန်ကိုကြည့်လိုက်တော့လဲ ၁၂နာရီထိုးလို့ကျော်တောင် ကျော်နေပြီ။

" အား....၁၂တောင်ကျော်နေပြီး ငါ့တော့နောက်ကျတော့မှာပဲ မြန်မြန်သွားရမယ် အ့ "

' ဘုန်း '

နွေဦး စောင်ထုပ်ထဲကတောင်မထွက်ရသေးပဲ အိပ်ယာကနေကောက်ထပြီးဆင်းတော့ ကုတင်အောက်သို့ပြုတ်ကျတော့သည်။

" အ့ နာလိုက်တာ ငါ့မြှီးညှောင့်ရိုးလေးတော့ အဟင့် သောက်စောင်ထုပ်သွားစမ်း ငါ့ကိုယ်ပေါ်ကဖယ် အစုတ်ပလုတ်စောင် မင်းကြောင့်ငါပြုတ်ကျတာ အခုနောက်ကျနေလို့ပြန်လာရင် လွှင့်ပစ်မယ် တောက်စ်.. "

သူ့ဟာသူ ပြုတ်ကျပြီးစောင်ကိုအပြစ်တင်နေတဲ့ နွေဦး တောက်စ်တစ်ခေါက်ခေါက်နဲ့ရေချိုးခန်းထဲဝင်သွားတော့သည်။ကုတင်အောက်မှာ လွှင့်ပစ်ခံထားရတဲ့ စောင်လေးကပုံကျလို့။
နွေဦး ရေချိုးခန်းထဲကထွက်လာတော့၁၂ ၄၅ပင်ဖြစ်နေပြီ။ဝတ်ဆင်စရာရှိတာဝတ် လိမ်းစရာရှိတာလိမ်း ယူစရာရှိတာယူပြီး အခန်းထဲကအပြေးထွက်လာသည်။

" မေမေရေ သားသွားပြီးနော် ရွှတ် "

" ဟင် သားငယ်ဘယ်သွားမလို့လဲ ကျောင်းလဲခွင့်တိုင်ထားတယ်လေ "

" ပြန်လာမှပြောတော့မယ် မေမေရေ သားနောက်ကျနေလို့သွားပြီ တာ့တာ "

" ဟင် အင်းအင်းဖြေးဖြေးသွားအုံး "

ဧည့်ခန်းမှာ ထိုင်နေတဲ့မေမေ့ကို အသိပေးပြီး နွေဦးဆိုင်ကိုကားမြန်မြန်မောင်းပြီးထွက်လာခဲ့သည်။
သူ ဆိုင်ကိုရောက်တော့၁နာရီ၁၅မိနစ်ဖြစ်နေပြီ။ကားပေါ်ကမြန်မြန်ဆင်းပြီးဆိုင်ထဲအပြေးတစ်ပိုင်းနဲ့ဝင်လာတဲ့သူ့က်ိုအကုန်လုံးကဝိုင်းကြည့်နေကြတယ်။အဲ့တာတွေသူဂရုမစိုက် နောက်ကျနေမှာကိုပဲသူစိုးရိမ်တယ်။

You're My OxygenWhere stories live. Discover now