Unicode
အိပ်ပုတ်ကြီးတဲ့နွေဦး ဒီနေ့ကျအစောကြီးထနေတာ သူမဟုတ်တဲ့အတိုင်းပဲ ညထဲကအဝတ်ထိုင်ရွေးနေတာဆိုရင် အခုထိရွေးလို့မပြီးသေးပါဘူးလို့။
" ငါ ဘာလေးဝတ်သွားရင်ကောင်းမလဲ ဒါလေးလား အဲ့တာကြီးကမလှဘူး ဒါဆိုရင်ရော...... "
ကိုယ်လုံးပြည့်မှန်ရှေ့မှာ အဝတ်တွေကိုတစ်ထည်ပြီးတစ်ထည် ကိုယ်မှာကပ်လိုက်ခွာလိုက်လုပ်နေတာ အခုထိကိုမပြီးသေးဘူး။ကုတင်ပေါ်မှာလဲ အဝတ်တွေက တောင်ပုံယာပုံဖြစ်နေပြီး အောက်မှာပစ်ချထားတဲ့အဝတ်တွေက ခပ်များများ။နောက်ဆုံးတော့လဲ ဝတ်လိုက်တာကhoodiesအဖြူလေးကိုဂျင်းအမဲလေးနဲ့ပင်။
" အွန်း ဒီလောက်ဆိုရင် ငါတော်တော်ချစ်ဖို့ကောင်းနေပါပြီး ဟင် အခုမှနေကောင်းခါစဆိုတော့ရေချိုးသွားရင်ကောင်းပါ့မလား "
ရေချိုးမချိုးစဥ်းစားတာကလဲ ၁၅မိနစ်လောက်။
" အား..တော်ပါပြီး ငါလေးကရေမချိုးလဲမွှေးပြီးသာပဲကို ချိုးမနေတော့ဘူး ထပ်ဖျားနေရင် ကိုကိုနဲ့မတွေ့ရပဲဖြစ်နေအုံးမယ် "
ဒါကြောင့် ရေမချိုးတော့ပဲ ရွေးထားတာလေးကိုကောက်ဝတ်လိုက်ပြီး ပြောင်ရှင်ရှင်မျက်နှာလေးကို baby mineလေးလူးလိုက်တယ်။မနံဘူးဆိုပေမဲ့လဲ ရေမချိုးတာ၃ရက်တောင်ရှိပြီမလား အဲ့တာကြောင့်ရေမွှေးလေးကိုပါ အနည်းငယ်စွတ်လိုက်သည်။ နောက်ဆုံးကျန်တဲ့ စုတ်ဖွာဖွာဖြစ်နေတဲ့ ဆံပင်လေးကိုတော့ လက်နဲ့ဟိုဖိဒီဖိလုပ်ကာ အိမ်ကနေ တိတ်တိတ်လေးခိုးထွက်လာလိုက်တယ်။ အိမ်ကလူတွေအကုန်လုံးကိုရှောင်ရှားပြီး ခြံပြင်ရောက်ပြီးဆိုတော့မှ စိတ်အေးရတော့တယ်။
" အမယ်လေး နှလုံးရပ်တော့မယ်ထင်တာ "
အိမ်က မိမှာဆိုလို့ကားလဲထုတ်မယူလာတော့ဘဲ လမ်းထိပ်ထိထွက်ပြီး taxiငှားရသေးတာလဲ လျှာထွက်မတတ်။ဆိုင်ရောက်တော့မှပဲ အမောဖြေကာ သက်ပြင်းချရတော့တယ်။
" ဟင် ညီဘာလာလုပ်တာလဲ အစောကြီးပဲ "
ဟုတ်ပါရဲ့ နွေဦးဆိုင်ကိုရောက်တာတောင် ၈နာရီပဲရှိသေးတယ်။သူအရမ်းတွေစိတ်လောနေတာထင်ပါရဲ့ မနက်ကလဲ၅နာရီလောက်ကြီးနိုးနေတာ။
YOU ARE READING
You're My Oxygen
RomanceZawgyi " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ" Unicode " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ"