Unicode
မော်ဒယ်မြင့် BMWကားတစ်စီးသည် S&K groupလို့အမည်ရတဲ့ အဆောက်အဦးရှေ့၌ရပ်သွားလေသည်။ထိုကားထဲမှ ထွက်လာသူက သျှားစစ်ခေါင်ဆိုသည့် ထိုgroup ရဲ့ ceoပင်။ သူလာမည်ကို ကြိုအသိပေးထားသည်အတွက် ဝန်ထမ်းများအားလုံးတသမတ်ထဲ ညီညာစွာ စီးကြိုနေလေရဲ့။
" မင်္ဂလာပါ ceo "
သျှားစစ် သူ့ကို လက်နှစ်ဖက်ယှက်ကာခါးကိုင်းနှုတ်ဆက်နေကြသည့် ဝန်ထမ်းတွေကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ပြီးနောက် အတွင်းရေးမှူးကို ၁၀နာရီအစည်းအဝေးရှိသည်ကိုကြေညာခိုင်းလိုက်ပြီး ceoအခန်းရှိရာအထပ်သို့တက်သွားသည်။
' ဒေါက် ဒေါက် '
" ဝင်လာခဲ့ "
" boss ဒီမှာပါ "
" အကုန်စုံတယ်မလား "
" စုံပါတယ် ငွေအလွဲသုံးစားလုပ်ထားတဲ့စာရင်းတွေရော MT groupနဲ့ပူပေါင်းနေတဲ့သူတွေပါ အကုန်ပါပါတယ် boss "
" တော်တယ် ထက်ယံ "
" ဟုတ် "
" မင်းဝေ မင်းကိုခိုင်းထားတာရော "
" ဒီမှာပါ boss "
" အခုထုတ်မဲ့သူတွေနေရာ အစားထပ်ဖြည့်မဲ့ ရှယ်ယာရှင်တွေပါ "
" ဦးမင်းနိုင်ရဲ့ နေရာမှာ အစားသွင်းမဲ့ companyရော ရှိတယ်မလား "
" ရှိပါတယ် boss သူတို့က JK ဆောက်လုပ်ရေးgroupပါ သူတို့ရဲ့ ဒီဇိုင်းနဲ့ ဆောက်လုပ်တဲ့ပုံစံတွေက အကုန်တိကျမှုရှိတယ် ပြီးတော့သူတို့က bossလိုပဲ top10ဝင်စာရင်းထဲပါတဲ့ groupပါ boss "
" JK group "
" ဟုတ်ပါတယ် သူတို့ရဲ့ဒီဇိုင်းနဲ့ဆောက်လုပ်ရေးတွေက အရမ်းတိကျလွန်းပါတယ် သူတို့ကနိုင်ငံခြားprojectတွေကိုပဲ အဓိကထားတယ်လို့ သိထားပါတယ် "
" အိုး အဲ့လောက်တောင်လား အဲ့တော့ငါတို့groupနဲ့ပူးပေါင်းမယ်လို့ မင်းထင်လား "
" ပူးပေါင်းမယ်လို့ ထင်ပါတယ် ကျွန်တော်တို့groupနဲ့သာပူးပေါင်းရင်အကျိုးမြတ်အများကြီးရမှာ လက်လွှတ်မယ်တော့ မထင်ပါဘူး boss "
YOU ARE READING
You're My Oxygen
RomantizmZawgyi " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ" Unicode " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ"