Part8

112 19 8
                                    

Unicode

အရေးကြီးအလုပ်ကိစ္စတွေရှိသေးတာမလို့ သူရ နှစ်ရက်လောက်ပဲအနားယူပြီးအလုပ်ပြန်တက်လေသည်။ဒီနေ့က သူအလုပ်ပြန်တက်တဲ့နေ့   နှစ်ရက်ပဲနားတာတောင်အလုပ်တွေမှပုံနေတာပဲ အဲ့တာဟိုကောင်စုတ်လေးကြောင့်ပေါ့ မဟုတ်ရင်သူ့မှာပုံစရာဘာမှကိုမရှိဘူး အခုလဲProjectတစ်ခုအတွက် ဒီဇိုင်းဆွဲဖို့ကသူ့တာဝန်လေ ဟ်ိုဘက်ကအကြာကြီးစောင့်နေရရင် ဘယ်ကောင်းမလဲ အဲ့တာကြောင့်အလုပ်ပြန်တက်ရတာပျော်နေရတာပေါ့။သို့သော်အပျော်တွေကခနတောင်မခံလိုက်။

' ဒုတ် '

" အ့ "

" ကျစ် "

" ဟေး ခင်ဗျားလမ်းကိုဘယ်လိုလျှောက်လာတာလဲ "

" အဲ့တာမင်းကိုမေးရမှာ ဒါမင်းပိုင်တဲ့လမ်းမဟုတ်ဘူး လမ်းသွားတာဖုန်းကြည့်ပြီးသွားနေမှတော့တိုက်မိမှာပေါ့ "

" ဘာ ခင်ဗျားကမြင်ရင် ရှောင်သွားပါလား ကျုပ်ကမြင်ရတဲ့သူမှမဟုတ်တာ အဲ့တော့ခင်ဗျားဘက်ကမှားတာလေ "

" မမြင်ရဘူးဆိုတော့ ကန်းနေတာလား ကန်းနေရင်လဲ တုတ်ကောက်လေးဘာလေးဆောင်ပြီးလျှောက်ပေါ့ကွာ "

" ဘာ ခင်ဗျားတော့ "

" ဟုတ်တယ်လေ မမြင်တဲ့သူတောင် စည်းကမ်းရှိတယ် မင်းလိုမြင်ပြီးစည်းကမ်းမရှိတဲ့လူနဲ့များကွာပါ့ "

" အား....ခင်ဗျား ခင်ဗျား "

" ဟေး ဟေး အကျယ်ကြီးအော်မနေနဲ့ မသိရင်ငါကပဲမင်းကိုမဒိန်းကျင့်နေတဲ့အသံနဲ့ လူကြားလို့မှမကောင်းဘူး "

" ခင်ဗျား တော်တော်အရှက်မရှိပါလား ရုပ်ကိုကကျက်သရေတစက်မှမရှိတဲ့ရုပ်နဲ့  စောစောစီးစီးဘယ်လိုလူတွေနဲ့လာတွေ့နေမှန်းကိုမသိဘူး "

" ဘာ!!!!! မင်း မင်းငါ့ရုပ်ကိုဘာပြောတယ် "

" ဟိတ်လူ အကျယ်ကြီးမအော်နဲ့ကျုပ်ခင်ဗျားကိုတက်ဘုမနေဘူး ဒီမှာကျုပ်မမြင်ရင်တောင် မြင်တဲ့ခင်ဗျားကရှောင်သွားတော့ကားအကြိတ်ခံရမှာဆိုလို့လား အော် အခုကcompanyထဲမှာဆိုတော့ ကြိတ်စရာကားလဲရှိမှာမဟုတ်ဘူး ခင်ဗျားဘာသာအသားအနာခံချင်လို့ပဲအတိုက်ခံတာထင်တယ် ပြောစရာမရှိတော့ဘူးဆိုတော့ သွားလိုက်ပါအုံးမယ် ဟက် "

You're My OxygenWhere stories live. Discover now