Part11

169 14 8
                                    

Unicode

သျှားစစ် ငယ့်ကိုပြန်လိုက်ပို့တာအိမ်ရှေ့ကိုရောက်နေတာတော်တော်တောင်ကြာနေပြီ။အခုထိကားပေါ်မှာထိုင်နေသေးတဲ့ကောင်လေးကြောင့် သျှားစစ်အထဲဝင်ရန်ပြောရတော့သည်။

" ငယ် အထဲဝင်တော့လေ "

အထဲဝင်ဖို့ပြောတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လှည့်ကြည့်လာသည့် ငယ်။

" ဟင့်အင်း "

" ဘာဖြစ်လို့လဲ အဆူခံရမှာဆိုလို့လား အဲ့တာဆ်ို ကိုကိုလိုက်ပြောပေးမယ်လေ "

" ကိုကို "

" ဗျာ "

" ငယ့်ကို ခိုးပြေးလိုက်ပါလား "

" ဟင်! ဘာလို့လဲ "

" အခု ကိုကိုပြန်သွားရင်ငယ်လွမ်းရမှာပေါ့ ခိုးပြေးလိုက်ရင်အတူနေလို့ရတယ်လေ "

ပြောပြီး ခေါင်းငုံ့သွားတဲ့ကောင်လေးကို သျှားစစ် အသည်းယားလွန်းလို့ ရင်ခွင်ထဲရောက်အောင်ဆွဲသွင်းပြီးတင်းကြပ်စွာဖက်ထားလိုက်သည်။

" ငယ်က ကိုကို့ကို ယောက်ကျားတော်ချင်​​နေပြီးပေါ့ ချစ်သူဖြစ်တာနေ့တောင်မကူးသေးဘူးနော် "

" ဘာလဲ က်ိုကိုကငယ့်ကိုမယူချင်ဘူးလား ဒီတ်ိုင်းအပျော်တွဲမလို့လား..အင့်.. "

ရင်ခွင်ထဲက အကောင်ပေါက်လေးကပြောနေရင်း အသံလေးကတဖြည်းဖြည်းတိန်ဝင်သွားပြီး ရှိုက်သံလေးပါထွက်လာတာကြောင့် သျှားစစ် ရင်ခွင်ထဲမှထုတ်ပြီး လက်မောင်းလေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ စိုးရိမ်တကြီးမေးလိုက်သည်။

" ငယ် ဘာလို့ငိုနေတာလဲ "

" ကိုကို ငယ့်ကိုသနားလို့အပျော်တွဲပေးတာလားလို့ "

" မဟုတ်တာ ငယ်ရယ် ကိုကိုလေ ငယ့်ကိုမြင်မြင်ချင်းထဲကရင်ခုန်မိတာပါ အပျော်တွဲချင်လို့လဲမဟုတ်ဘူး သနားလို့လဲမဟုတ်ဘူး ငယ့်ကိုအချိန်အကြာကြီးလိုက်ခိုင်းနေမိတာ ကိုကိုတောင်းပန်ပါတယ် အခုလဲ ကိုကို့စိတ်ကသေချာနေပြီမလို့ နောက်မကျခင်ဖွင့်ပြောလိုက်တာ မငိုပါနဲ့ငယ်ရယ် ကိုကိုတောင်းပန်ပါတယ် "

You've reached the end of published parts.

⏰ Last updated: Aug 21, 2021 ⏰

Add this story to your Library to get notified about new parts!

You're My OxygenWhere stories live. Discover now