Unicode
မြို့ပြင်မှာရှိသည့် ခြံကျယ်ကြီးနဲ့အိမ်ကြီးတစ်လုံး အရှေ့ပေါက်အနောက်ပေါက်တွင် အစောင့်များစွာချထားလေရဲ့။ဒါတင်မက cctvတွေလဲအရပ်လေးမျက်နှာစလုံး တပ်ဆင်ထားလေသည်။
သျှားစစ်ရဲ့ စုံစမ်းစေမှုကြောင့် ထက်ယံနှင့်မင်းဝေ ထိုခြံရှေ့ရောက်နေလေသည်။ကားကိုချောင်ကျသည့်နေရာ၌ ရပ်ထားပြီးခြံတံတိုင်ကျော်ကာ ခြံထဲဝင်လေသည်။
နှစ်ယောက်သား maskအမဲ ခေါင်းစွပ်ပါတဲ့hoodiesအမဲဂျင်းဘောင်းဘီအမဲဖိနပ်အမဲနှင့် တစ်ကိုယ်လုံးမဲမဲဝတ်ထားတဲ့ မဲလုံးနှစ်ကောင်က အမှောင်ကျသည့်သရက်ပင်ကြီးနောက်မှာပုန်းလို့နေသည်။" ပိုင်လေး မင်းအနောက်ဘက်ကိုသွားလိုက် သူတို့ရောင်းဝယ်ရေးလုပ်နေတယ်ထင်တယ် "
" ဟုတ် ဒါနဲ့ကိုကြီးတစ်ယောက်ထဲဖြစ်ရဲ့လား "
" ဟိတ်ကောင် မင်းငါ့ကိုအနုလေးများထင်နေလား "
" မထင်ပါဘူး ဒါမဲ့သူတို့ကအများကြီးလေ ပြီးတော့ သေနတ်တွေနဲ့ "
" ငါမနိုင်ဘူးများထင်နေလား ငါအဆင်ပြေတယ် မင်းသွားတော့ "
" ဟုတ် "
သူယုံပါတယ် ကိုကြီးကတိုက်ကွမ်ဒိုနဲ့ဂျူဒိုမှာခါးပတ်နက်ဆုပါရထားတဲ့သူမလား ပြီးတော့လက်တည့်တဲ့နေရာမှာလဲနှစ်ယောက်မရှိ ဒီလောက်လူအများကြီးက ကိုကြီးကိုဒဏ်ရာအနည်းငယ်သာရစေမည်သာ။သူတောင် ကိုကြီးကိုနိုင်ဖူးလို့လားလို့တွေးရင် စိတ်မပူတော့ပဲ အိမ်အနက်ဘက်ကိုထွက်လာခဲ့သည်။
မင်းဝေထွက်သွားပြီး မကြာလိုက် ဦးမြတ်သူနှင့် လူတစ်ချို့စကားပြောရင်ထွက်လာလေသည်။ထက်ယံပုန်းနေသည့်နေရာက ဦးမြတ်သူတို့နဲ့နီးနေသည်မလို့ ထိုလူတွေပြောနေသည်ကိုအတိုင်းသားကြားနေရသည်။
" ဒါဆို ခင်ဗျားတို့ပြောတဲ့အတိုင်းကျုပ်တို့လုပ်ပေးမယ် ခင်ဗျားတို့ဘက်ကလဲ ကတိတည်မှရမယ် မဟုတ်ရင်ကျုပ်တို့စီစဥ်ထားသမျှ ပျက်ကုန်လိမ့်မယ် "
" ကျုပ်တို့ဘက်က ကတိတည်ပြီးသားပါ ခင်ဗျားတို့သာ သေချာလုပ်ပေး ခင်ဗျားတို့လိုချင်သလိုဖြစ်စေရမယ် "
YOU ARE READING
You're My Oxygen
RomanceZawgyi " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ" Unicode " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ"