Unicode
နွေဦးငယ်တစ်ယောက် မြန်မာစာဆရာမရဲ့စာရှင်းနေသည်ကိုနားထောင်ရင် အိပ်ငိုက်နေတော့သည်။သူတစ်ယောက်ထဲလားလို့ ထင်ရင်တော့မှားသွားမယ် တစ်ခန်းလုံးနီးပါးလောက်ထိုင်ငိုက်နေကြတာ တစ်ချို့ နောက်ဆုံးတန်းမှာထိုင်ကြသူများသာ ခေါင်းမှောက်အိပ်နေကြတာ သူကရှေ့ဆုံးတန်းမှာထိုင်နေတာကြောင့်အိပ်တော့မအိပ်ရဲပေ။တစ်ချက်တစ်ချက်ငိုက်ငိုက်သွားလို့ ဆရာမရဲ့မျက်စောင်းက ရောက်ရောက်လာတာမို့ သွားဖြဲပြကာရီရီပြနေရသည်။နောက်ဆုံးတော့ နွေဦးအပျော်ဆုံးအချိန်ကိုရောက်ရှိလာသည်။
" ကဲ ဒီနေ့တော့ဒီလောက်ပဲ မနက်ဖြန်Tutoဖြေရမယ် အတန်းပြေးတဲ့သူလာမဖြေတဲ့သူတွေအမှတ်လျော့မယ် ကြားကြလား "
" ဟုတ်ကဲ့ပါ ဆရာမ "
" နှုတ်ဆက်လို့ရပြီ "
" မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ "
အခန်းထဲက ဆရာမထွက်သွားတာနဲ့ နွေဦး မျက်ရည်ဝဲသည်ထိ သန်းနေမိတော့သည်။သူအရမ်းအိပ်ချင်နေတာမလား ဗိုက်လဲအတော်ဆာနေပြီးလေ ဒါကြောင့် သူ့ဘေးအိပ်နေတဲ့ခွန်းသုတကို အကြမ်းနည်းနဲ့ခေါ်နိုးလိုက်သည်။
' ဖြောင်း '
" အား..ဟိတ်ကောင် မင်းလင်ကျောမလို့လာရိုက်နေရတာလား "
" ခွေးကောင် သေမနေနဲ့ ငါ့လင်ကျောကိုရိုက်စရာလားနာသွားမှာပေါ့ "
" အော် အော်အဲ့တော့ငါနာမှာတော့မသိဘူးပေါ့ "
" ဟဲဟဲ မင်းကသေနေတာကို "
" မသေလို့ဘာလုပ်ရမှာလဲ "
ပြောပြီးပြန်အိပ်နေသည့်ခွန်းသုတကို ဒေါသထွက်လာသည်မို့ ဆက်မပြောတော့ပဲ သူ့နောက်မှာထိုင်နေသည့် ဝင့်လွှာကိုအဖော်စပ်ရတော့သည်။အဖော်စပ်မလားလို့လှည့်မိပါရဲ့ အိပ်တာများစာသင်ဆောင်ကိုသူ့အိပ်ယာမှတ်ရမယ်။
" အော် နောက်တစ်ယောက်သေနေပြန်ပြီး "
" မင်းတို့လင်မယားတွေ အိပ်ကိုအိပ်နိုင်ကြတယ် ညကဘာတွေလုပ်နေကြမှန်းမသိဘူး "
နွေဦး ဗိုက်ဆာဆာနဲ့စိတ်ကပေါက်လာသည်မလို့ သူတို့မကြိုက်သည့်လင်မယားဆိုသည့်နေရာကိုဖိပြောလိုက်သည်။
YOU ARE READING
You're My Oxygen
RomanceZawgyi " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ" Unicode " မင်းလေးကကိုယ့်ရဲ့အသက်ရှူသံလေးပါပဲ"