ဘောလုံးကန်ပြီး အိမ်ပြန်လာတာ သီချင်းတညည်းညည်းနဲ့ အူမြူးနေတဲ့ ဆောနူကို အဖွားက ကြောင်ကြည့်နေတယ်
မျက်နှာကြီးကလဲ ဖြီးလို့ အရင်ရက်တုန်းကဆို ပြန်လာရင် ဒီလောက်မအူမြူးဘူး ရေချိုးပြီးတာနဲ့ ထမင်းကောက်စား ကျောင်းစာလုပ်ပြီး တန်းအိပ်တဲ့ကလေး
"ငါ့မြေးလေး အူမြူးနေပါလား ဘာတွေ အဲ့လောက်ပျော်လာတာလဲ"
"ဟဲဟဲ အဖွားသိလား အဖွားဆုတောင်းပြည့်တော့မယ် ဟီးဟီး"
"အဖွားဆုတောင်း ဟုတ်လားကလေး"
သူ့အဖွားကို တစ်ချက်ရီပြပြီး ပါးကိုနမ်း ထွက်ပြေးသွားတဲ့ဆောနူ
"အယ် ဒီကလေး ချွေးတွေနဲ့ ရေလဲမချိုး"
ဆရာ၀န်လေးလုပ်တာ ဒီညစာလဲမဖတ်နိုင် အိပ်ယာထဲမှာပဲ ဆရာ၀န်လေးမျက်နှာမြင်ယောင်လိုက် လူးလိမ့်လိုက်နဲ့ပဲ တော်တော်တောင် အိပ်မပျော်
ဆရာ၀န်လေးကြောင့် ရူးတော့မယ် တကယ်
မနက်မိုးလင်းကော ဆောနူတော်တော်နဲ့ အိပ်ယာမထနိုင် မျက်တွင်းလဲညို
"အားလားလား ဂင်ဆောနူ မင်းညက မအိပ်ရသေးဘူးလားဟ မျက်တွင်းတွေ ညိုနေတာများ ကြောက်စရာကြီး"
"ဟင် အဲ့လောက်တောင် ဆိုးနေလား အားးးးး စိတ်ညစ်တယ် ဒေါက်တာရှေ့ အရှက်ကွဲတော့မှာပဲ"
ဂျောင်၀န်း ဆောနူရဲ့စကားကြောင့် မျက်လုံးပြူးပြီး ဆောနူရှေ့ထိုင်ချလိုက်တယ်
"ဟင် မင်း မဟုတ်မှလွဲကော ဟိုဒေါက်တာအသစ်လေးကို.."
မျက်လုံးပြူးပြီး သိချင်ဇောနဲ့မေးနေတဲ့ ဂျောင်၀န်းကို ခေါင်းအသာငြိမ့်ပြလိုက်တယ်
"အားးးးးးးးးးး"
ဒီတစ်ခါ ထအော်တာ ယန်းဂျောင်၀န်း
"လန့်တာ ဘာဖြစ်တာလဲ မင်းက"
ဆောနူကို သရဲမြင်သလို ကြည့်နေတဲ့ဂျောင်၀န်းကြောင့် ဆောနူပါ ကြောင်ချင်သွားတယ် ရုတ်တရက် ဆောနူရဲ့ပခုံးနှစ်ဖက်ကို ကိုင်ပြီး
"ဆောနူရာ မင်းဖွန်ကြောင်ချင်တယ်ဆို ငါတို့ကျောင်းမှာ ချောတဲ့သူတွေများပါတယ်ကွာ ဒေါက်တာအသစ်လေးကို မကြံပါနဲ့ကွာ ငါသနားလို့ပါ"