Extra
ဆောနူရယ် ဆောင်ဟွန်းရယ်က ဆောနူအဖွားနဲ့ အတူတူ အဲ့မြိုလေးမှာပဲ ဆက်အခြေချဖြစ်သည်။ ဆောနူကျောင်းပြီးသွားတော့ သူတို့မြို့ငယ်လေးမှာပဲ Tour guideအနေနဲ့ အလုပ်လုပ်သည်။ ဆောင်ဟွန်းဟျောင်းကတော့ ကျောင်းဆေးပေးခန်းက ထွက်လိုက်ပြီးတော့ ဆေးခန်းသေးသေးလေး ဖွင့်ပြီးတော့ အဖိုးအဖွားတို့ကို ဆေးကုပေးသည်။
ဂျောင်၀န်းနီးနဲ့ ဂျုံဆောင်းဟျောင်းကလဲ အခု တရား၀င်တွဲနေကြပြီ။ အဖွားတွေဆီ ခွင့်တောင်းပြီးလို့လဲ လက်ထပ်ဖို့တောင် ပြင်ဆင်နေပြီ။ ဂျုံဆောင်းမှာ ဆောင်ဟွန်းလို အများကြီးမပြင်ဆင်လိုက်ရပဲ လက်ထပ်ဖို့ ဖွင့်ပြောတာလေးတစ်ခုနဲ့တင် အဆင်ပြေသွားတော့ ဆောင်ဟွန်းက အင်တင်တင်နဲ့ သိပ်မကျေနပ်။ သူ့တုန်းက ကြောက်ဒူးတုန်လိုက်ရတာဆိုတာ။ ဂျုံဆောင်းကို အဖွားတွေက ငယ်ငယ်လေးထဲက စောင့်ရှောက်လာတာဆိုတော့ အကုန်လုံးက ဂျုံဆောင်းအကြောင်းသိကြသည်။ အဲ့တော့လဲ ဂျောင်၀န်းကို ယုံယုံကြည်ကြည်နဲ့ကို ဂျုံဆောင်းလက်ထဲကို ထည့်ပေးတာပေါ့။
ဆောင်ဟွန်းဟျောင်းနဲ့ ဂျုံဆောင်းဟျောင်းက ဆောနူနဲ့ ဂျောင်၀န်းလိုမျိုး ငယ်ပေါင်းအောက်မှတ်ရတဲ့အထိကို ရင်းနှီးနေကြပြီ။ ဒါပေမဲ့ ဂင်ဆောနူနဲ့ ယန်းဂျောင်၀န်းရဲ့ဘ၀မှာ အလွဲတွေမရှိရင် သူတို့ဘယ်ပီသမလဲ။
တစ်ခါတုန်းက ဆောနူ လာလည်သူတွေကို မြို့ကို လိုက်ပြပေးရင်း ဆောင်ဟွန်းနဲ့တိုးတော့ အဲ့ Touristတွေထဲမှာပါလာတဲ့ နိုင်ငံခြားသူတစ်ေယာက်က ဆောင်ဟွန်းကို မြင်ပြီး အရမ်းသဘောကျသွားပါလေကော။ ဆောနူကို ဆောင်ဟွန်းရဲ့ညီထင်ပြီး သူအရမ်းသဘောကျလို့ သူ့အကိုကို သူနဲ့မိတ်ဆက်ပေးပါဆိုပြီး အပူလာကပ်သေးသည်။
အဲ့ဒါအပြင် အဲ့နိုင်ငံခြားသူကလဲ ဆောင်ဟွန်းကို ဘယ်လောက်တောင်သဘောကျသွားလဲမသိ သူ့နိုင်ငံကို သူနဲ့အတူလိုက်ခဲ့ပါ သူအိမ်က ဘယ်လောက်ပိုင်ဆိုင်မှုရှိကြောင်း ဆောင်ဟွန်းကို စိတ်တစ်ချက်မှမညိုးပဲထားပေးနိုင်ကြောင်းတွေကော အိမ်အထိလာပြီး တင်တောင်းသွားလို့ ဂင်ဆောနူတို့ အလုပ်ထွက်မယ်တကဲကဲနဲ့ ဆောင်ဟွန်းမနည်းဆွဲထားရသည်။ သေချာတာကတော့ ဆောင်ဟွန်း ဆောနူကို တစ်ပတ်လောက် တော်တော်လေးချော့လိုက်ရသည်။ ဒါတောင် ဒွမ်မာကင်းလေးက