"ကိုကို ကိုကို"
ကျောင်းရဲ့ဆေးပေးခန်းကို လိုက်ချင်လွန်းလို့ပါဆိုလို့ နားပူနေတဲ့ကြားထဲက ဆောင်ဟွန်း ညီမ၀မ်းကွဲဖြစ်သူကို ခေါ်လာခဲ့ရသည်။
ဟုတ်ပါသည်။ ဟိုနေ့က သူ့ဆီကိုဗြုန်းစားကြီးရောက်ချလာတာ ဒေါ်လေးဖြစ်သူနဲ့ သူ၏ညီမ၀မ်းကွဲ။
"ကိုကို အလုပ်ရှုပ်နေတယ် ယယ်ဂျီရာ။ ဘာပြောမလို့လဲ။"
ဆိုးလ်ကိုပြန်ရောက်ရင် တင်ပြရမယ့်စာရွက်စာတမ်းတွေကြောင့် ဆောင်ဟွန်းတစ်ညလုံး သေချာမနားရသေး။ တစ်ခါတစ်လေ ခေါင်းထဲကို ဟိုကလေးက ရောက်ရောက်လာလို့ ကိုယ့်ကိုကိုယ်လဲ အံ့ဩလို့။
"ဟိုနေ့က ညီမလေးတို့ကို ဒီဆေးပေးခန်းလိုက်ပို့တဲ့ အကိုက ဘယ်သူလဲဟင်..။"
ယယ်ဂျီရဲ့စကားကြောင့် ရုတ်တရက် စာရေးနေတဲ့ ဆောင်ဟွန်းလက်တွေ တုံ့ဆိုင်းသွားသည်။ သူ ယယ်ဂျီဘက်ကို မျက်လုံးတစ်ချက်စွေကြည့်လိုက်ပြီးတော့
"ဘာလို့မေးတာလဲ။"
"သဘောကျလို့....။"
"ဘာ!!!!!"
ဒီတစ်ခါ လန့်ရမယ့်သူက ယယ်ဂျီ။
"အမလေးးး ဖြည်းဖြည်းသာ့သာ့အော်ပါ ဘာဖြစ်တာလဲ။"
ရင်ဘတ်ကိုဖိရင်း အရမ်းလန့်သွားသလို ပုံစံလုပ်နေတဲ့ ယယ်ဂျီ။
"အဟမ်း.. ဘာ ဘာလို့သဘောကျရတာလဲ။"
ခုဏက သူမဟုတ်သလို စာရွက်တွေကို သေသေချာချာပြန်စီရင်း
" အဲ့အကိုက အရမ်းချောတယ်။ ဟိုနေ့က ပစ္စည်းကူသယ်ပေးတုန်းက ဘေးကနေကြည့်နေတာ Side Profileက အရမ်းမိုက်တယ်။ မျက်လုံးလေးတွေကလဲ အရမ်းလှ။ သဘောလဲအရမ်းကောင်းမယ့်ပုံ။ အရမ်းလဲရိုးသား.....။"
"တော်ပြီ။!!!!! ဒေါ်လေးခိုင်းထားတာ မရှိဘူးလား။ ဒေါ်လေးက လမ်းမသိသေးဘူးလေ။ တစ်ယောက်ထဲထားခဲ့လို့ ဘယ်ဖြစ်မလဲ သွား သွား ပြန်တော့ ပြီးတော့ အခုမှမြင်ဖူးတဲ့သူကို အဲ့လောက်ချီးမွမ်းခန်းဖွင့်နေရလား။"
ဆောင်ဟွန်း ယယ်ဂျီရဲ့ ဆောနူကို ချီးမွမ်းခန်းဖွင့်နေတဲ့စကားတွေကို ဆက်ပြီးနားမထောင်နိုင်တော့ပါ။ ရင်ထဲမှာ ဒေါသတွေ တလိမ့်လိမ့်နဲ့တတ်လာသလို။ ပူလောင်လာသလို သဘောမကျသလို..။