နောက်တစ်နေ့ ငိုထားတဲ့အရှိန်ကြောင့် ဆောနူကျောင်းမသွားချင်ပေမဲ့လဲ သာမန်ထက်ပိုငြိမ်နေရင် အဖွားစိတ်ပူမှာစိုးရိမ်တဲ့အတွက် နေမကောင်းသလိုဖြစ်ချင်တာတောင် မနည်းအားတင်းပြီး ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်
မနေ့က ဂျောင်၀န်းရှေ့မှာ ဆောင်ဟွန်းဟျောင်းကို ဖွင့်ပြောတော့မယ်လို့သာ ပြောပေမဲ့ တကယ်တမ်းသူဖွင့်ပြောဖို့ သတ္တိမရှိပါ အငြင်းခံရမှာကို သိသိကြီးနဲ့လဲ ရှေ့ဆက်မတိုးရဲ ဒါပေမဲ့ မပြောလိုက်ပြန်ရင်လဲ သူနောင်တရဖို့က သေချာသလောက်
ငါတကယ်ကိုဘာလုပ်သင့်လဲ?
"ဆောနူ မြေးလေး မနက်စာလာစားတော့လေ ကျောင်းနောက်ကျနေလိမ့်မယ်"
ငိုထားလို့ ဖောင်းအစ်နေတဲ့မျက်လုံးတွေကို အဖွားမရိပ်မိအောင် မျက်လုံးကို ပွတ် မျက်ခွံတွေကို ဖိချလိုက်တယ်
အခန်းထဲကထွက်လာတော့ အဖွားက စားပွဲမှာအဆင်သင့်
"ဒီနေ့နောက်ကျပါလား ကလေး ညက တော်တော်နဲ့အိပ်မပျော်လို့လား"
"ဟုတ် အဖွား ကျွန်တော် ညက စာလုပ်စရာတွေရှိနေလို့"
အဖွားကတော့ သူပြောတာယုံပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့
"ဒါနဲ့ ဂျောင်၀န်းလေးက ကျောင်းမှာကိစ္စတစ်ခုရှိလို့ဆိုပြီး စောစောသွားနှင့်မယ်တဲ့ ပြောသွားတယ်"
ဒီနေ့တော့ သူတစ်ယောက်ထဲ ကျောင်းသွားရတော့မှာပေါ့ တစ်ခုပဲ ဆောင်ဟွန်းဟျောင်းနဲ့ လမ်းမှာမတိုးပါစေနဲ့
ကျောင်းကို ဆောနူတစ်ယောက် လေးလေးပင်ပင်နဲ့ လျှောက်လာတယ် မနေ့ကကိစ္စကိုလဲ ခေါင်းထဲက မထုတ်နိုင်သေး
"ဆောနူရေ ဆောနူရေ..."
ဦးလေးတစ်ယောက်လှမ်းခေါ်တဲ့ အသံကြောင့် သူနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ဆီကိုပြေးလာတဲ့ ဘေးအိမ်က ဦးလေး
သူ့နားရောက်တော့ ပြေးလာရတာ တော်တော်မောနေတဲ့ပုံ စကားတောင် ချက်ချင်းမပြောနိုင်သေး
"ဂျူံဆောင်း ဂျူံဆောင်းပြန်လာပြီတဲ့.. ဆိပ်ကမ်းရောက်နေပြီလို့ပြောတယ်"