အစကတော့ မတင်ပဲ နားထားမလို့ ဒါပေမဲ့ ဒီတစ်ပိုင်းက ဇာတ်သိမ်းမို့လို့ ပထမဆံုးေရးတဲ့ ဒီတစ်ခုလေးတော့ အမှတ်တရအနေနဲ့ သိမ်းထားလိုက်ချင်တဲ့အတွက် တင်လိုက်ခြင်းပါ။
***
" အကိုဆောနူ ကိုကို့ကို သဘောကျတယ်မလား။ "
" ဖူးးးးးး အဟွတ် အဟွတ်.. "
ယယ်ဂျီက သူ့ကို ဆောနူတို့ရဲ့မြို့လေးလိုက်ပြပါဆိုလို့ အဖွားတို့နဲ့ မိတ်ဆက်ပေးပြီး မြို့တစ်ပတ်လိုက်ပြပေးရင်း အခု ပင်လယ်နားမှာထိုင်နေတုန်း ရုတ်တရက်ဆန်တဲ့ ယယ်ဂျီရဲ့စကားကြောင့် ဆောနူသောက်နေတဲ့ နွားနို့တောင် သီးပြီး ပါးစပ်ထဲက ပြန်ထွက်လာသည်။
" ရုတ် ရုတ် ရုတ်တရက်ကြီး ဘာ ဘာ ဘာလို့ မေးတာလဲ။ "
သီးတာကော ဘာပြန်ဖြေရမလဲမသိတာကော ရောပြီး စကားတောင် မပီတော့။
" မဟုတ်ပါဘူး အရမ်းသိသာနေလို့ ကိုကို့နားရောက်ရင် အကိုဆောနူက မျက်နှာကြီးနီလာပြီးတော့ မျက်လုံးချင်းဆံုအောင် မကြည့်ဘူးလေ။ "
တကယ်လဲ ဆောနူအဲ့လိုဖြစ်နေတာမို့လို့ ယယ်ဂျီရဲ့မေးခွန်းကို ခေါင်းငြိမ့်လိုက်သည်။
" ထင်သားပဲ အဲ့လိုမှန်း။ ကိုကိုကတုံးတယ် အကိုဆောနူရဲ့ အရိပ်ပြရင် အကောင်လဲမမြင်။ ရည်းစားလဲ တစ်ခါမှမထားဖူး။ ဆိုးလ်မှာ နေတုန်းကလဲ အဲ့အတိုင်းပဲ လူကသာ နာမည်ကြီးနေတာ ခေါင်းက စာကလွဲပြီး ဘာမှမသိ။ အခုတောင် အဲ့စာ စာဆိုတာကြီးစွဲပြီး နယ်ဘက်မှာ ဆရာ၀န်လုပ်မယ်ဆိုလို့ ကိုကို့ပါးပါး ယယ်ဂျီ့ဦးလေးနဲ့ ရန်ဖြစ်သေးတယ်။ ဦးလေးက ကိုကို့ကို ဆိုးလ်က ဆေးရုံကြီးမှာ လုပ်စေချင်တာ အဲ့မှာဆို သမားတော်အထိဖြစ်နိုင်တယ်ဆိုပြီး။ ဒါပေမဲ့ ကိုကိုက ဒီနေရာကို ရွေးခဲ့တယ်။ အိမ်ပြန်လာဖို့ခေါ်လဲ ကိုကိုက ပြန်မလာဘူးပဲငြင်းတယ်။ အဲ့အကြောင်းရင်းကို အခု ယယ်ဂျီဒီရောက်မှ သိတော့တယ်။ "
ဆောနူကို ကြည့်ရင်းပြောနေပေမဲ့ ဆောနူက မျက်စိရှေ့က ပင်လယ်ပြင်ကြီးကို ငေးလျက်....။
ယယ်ဂျီ ဆောနူရဲ့လက်ကို ရုတ်တရက်ဆွဲကိုင်လိုက်ပြီး...
" ကိုကို့ကို သေချာအပ်ပါတယ် အကိုဆောနူ။ "