" ယယ်ဂျီ-ssi?? "
ယယ်ဂျီတစ်ယောက် သူ့အကိုနောက်ကို လိုက်လာပြီး ပျင်းလာတာနဲ့ ကျောင်း၀န်းခြံထဲမှာ လှည့်ပတ်လျှောက်သွားရင်း အနောက်က သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တာ ဘူးတစ်ဘူးကို ကိုင်ထားရင်း သူမကို အားရပါးရ ပြုံးပြနေတဲ့ ဆောနူ..။
* အကိုဆောနူကို ဇီဇာကြောင်တဲ့ လူပျိုကြီးကိုကို့ဆီ ပေးရမှာ မတန်ဘူး နှမြောစရာ အကိုဆောနူက ချစ်ဖို့ကောင်းလိုက်တာ(╥﹏╥) *
" ဒါ ကျွန်တော် ယူလာတဲ့ ဆန်မုန့်တွေပါ မနေ့ကတင် အဖွားက လတ်လတ်ဆတ်ဆတ်လုပ်ထားတာမို့လို့ ဆန်မုန့်ဆိုတာ လတ်လတ်ဆတ်ဆတ်စားရင် ပိုကောင်းတယ်လေ။ "
" အဟမ်း ယယ်ဂျီ့အတွက်လား။ မဟုတ်မှလွဲကော ကိုကို့အတွက်များလား။ "
သူမ တစ်ခုခုကို အစ်မေးကြည့်တော့ မျက်နှာကြီး နီရဲလာတဲ့ ဆောနူ။
" မဟုတ် မဟုတ်ပါဘူး ယယ်ဂျီ-ssiအတွက်ပါ။ "
* အကိုကိုရဖို့ ညီမကိုဖားရမှာပဲ။ *
" ဟုတ်လား။ "
သူ့အတွက်ဆိုတော့ မျက်လုံးလေးတွေ အရောင်လက်သွားတဲ့ ယယ်ဂျီ။ သူမ မစားဖူးတာတော့မဟုတ်ပေမဲ့ ဆိုးလ်က ဆန်မုန့်တွေက ဘယ်လောက်ကောင်းကောင်း ဒီလို ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ဆန်မုန့်ကပိုကောင်းသည်။ အရောင်လဲမရှိသလို အရသာလဲ အရမ်းမချိုလွန်းတဲ့ သဘာ၀ဆန်မုန့်ကို သူမပိုကြိုက်ပါသည်။
" အိုမို ဒီမနက်ပြန်ပေါင်းလာတာလား ပူပူနွေးနွေးလေးတွေ လှလိုက်တာ။ "
ကျောင်း၀န်းထဲက လွတ်နေတဲ့ ခုံတန်းမှာ ဆန်မုန့်ကို ရီမော စကားပြောရင်း စားနေကြတဲ့ ဆောနူနဲ့ယယ်ဂျီ။
သူတို့အနောက်က ကျောင်းဆောင်ရဲ့ ဒုတိယထပ်ကနေ ကြောက်ဖို့ကောင်းအောင် ရုပ်တည်မျက်စောင်းနဲ့ ကြည့်နေတဲ့ ဆောင်ဟွန်း။
" ဘာလို့လဲမသိ။ ရင်ထဲနည်းနည်းနင်နေသလိုပဲ။ "
စားရင်းနဲ့ တဖြည်းဖြည်းနဲ့ မျိုမကျဖြစ်လာသလို ခံစားနေရတဲ့ ယယ်ဂျီ။
" အဆင်ပြေရဲ့လား ခဏ ကျွန်တော် ရေသွားယူခဲ့မယ်။ "
ဆောနူထွက်သွားတဲ့အထိကို သူမ စားရတာ မျိုမကျ။