"အော် အချစ် အချစ် အချစ်က သိပ်ကိုဆန်းကြယ်ပါလား"
ဆောနူနဲ့ဂျောင်၀န်း ကျောင်းပိတ်ရက် ပင်လယ်ကမ်းစပ်မှာ လှဲရင်း နှစ်ယောက်သား အချိန်ဖြုန်းနေတုန်း ဆောနူပြောလိုက်တဲ့စကားကြောင့် ဂျောင်၀န်းမျက်နှာမဲ့ရှုံ့သွားတယ်
"ကြီးကြီးကျယ်ကျယ်တွေ ပြောနေပါလား"
"အော် ယန်းဂျောင်၀န်းရယ် မင်းမှမခံစားဖူးတာ ဘယ်သိမလဲ"
နိုမ်လိုက်သလိုခံစားလိုက်ရတဲ့ ဖီလင်ကြီး
"အခု ဆောင်ဟွန်းဟျောင်း ဘာလုပ်နေမယ်ထင်လဲ"
"ရာဇီးနဲ့စကားပြောနေမှာပေါ့"
ဆောနူကမန်းကတန်း ကုတ်ထပြီး ဂျောင်၀န်းကို ဘေးနားက သဲတွေနဲ့ လိုက်ပက်တော့တယ်
"ဖတ် ဖတ် ဖတ် လွဲပါစေ မင်းဟာလေ စကားကို ကောင်းကောင်းမပြောဘူး"
"မင်းမစဉ်းစားကြည့်ဘူးလား ဆောင်ဟွန်းဟျောင်းက ဒီလောက်ချောတာ အရင်ဆေးရုံမှာလဲ နာမည်ကြီးမှာပဲ တက္ကသိုလ်မှာလဲ နာမည်ကြီးမှာပဲ အဲ့လိုနာမည်ကြီးတဲ့သူက လူပျိုဆိုရင်တောင် ရာဇီးရှိကိုရှိတယ်"
ဆောနူကိုကြည့်တော့ မျက်တောင့်နီကြီးနဲ့ ကြည့်နေတာများ ကြောက်စရာကြီး
"အဲ့လောက်ချောလဲ ရည်းစားမရှိတာ ဖြစ်သင့်ပါတယ် ဟဲဟဲ ဟုတ်တယ်နော့် ငါ့ပဲကြည့်လေ ဒီလောက်ချောတာတောင် ရည်းစားမရှိတာ"
"မင်းကတော့ နဂိုထဲက ဘူပိတ်နေတာ"
"ရားးးးး ဂင်ဆောနူ သေချင်နေလား"
ကမ်းစပ်မှာ နှစ်ေယာက်သား စိန်ပြေးလိုက်တမ်းဆော့နေတုန်း တောင်ကုန်းထိပ်လေးမှာ ရောက်နေတဲ့ ဆောနူအဖွား
"ဆောနူရေ!! အဖွားမုန့်လုပ်ထားတာ ဒေါက်တာလေးကို သွားပေးလိုက်ဦး မြန်မြန်သွားပေး ပူပူလေးလုပ်ထားတာမို့လို့ ပြီးတော့ ဒီနေ့ အဖွားတို့အိမ်မှာ မြို့ထဲက လူတွေစုပြီး ဒေါက်တာလေးကို ကြိုဆိုတဲ့ပွဲလုပ်မှာမို့လို့ ဒေါက်တာလေးကိုပါ သွားခေါ်ခဲ့ချည်"
"ဟုတ်!!!!!!!!"
ဒေါက်တာလေးဆိုတဲ့အသံကြားတာနဲ့ ဂင်ဆောနူတို့ ပြေးတာ လူတောင်မတွေ့ရတော့ဘူး ဂျောင်၀န်းကတော့ ကမ်းစပ်မှာ ခေါင်းတစ်ခါခါနဲ့ကျန်ခဲ့တယ်