ကြိုဆိုပွဲပြီးလို့ ကျောင်းပြန်ဖွင့်တော့လဲ ဂင်ဆောနူတို့ မြင်သာမြင် မကြင်ရ ဘ၀ကိုရောက်လို့
အတန်းမတတ်ပဲ သူ့ဆီပဲလာနေတဲ့ ဆောနူကို ဆောင်ဟွန်းက အတန်းလစ်ပြီး ထပ်လာရင် လက်မခံတော့ဘူးလို့ပြောလို့ ဆောနူမှာ မချောင်းရတာ သုံးရက်ပြည့်တော့မယ်
ဒါတောင်PEအချိန်လေးကို လေ့ကျင့်ခန်းမလုပ်ပဲ ဆောင်ဟွန်းရဲ့ ဆေးပေးခန်းပြတင်းပေါက်လေးမှာ ဆောင်ဟွန်းအလုပ်လုပ်နေတာကို တိတ်တိတ်လေးချောင်းနေတာ ဒီလိုလေးမြင်ရတာတောင် မကျေနပ်နိုင်ဘူး
ဆောင်ဟွန်းကိုကြည့်ပြီး ဖြီးနေတဲ့ဆောနူ သူ့နောက်မှာ ဂျောင်၀န်းရောက်နေတာကိုမသိရှာ
ဂျောင်၀န်း ဆောနူကို အနောက်ကနေ ခေါင်းကိုပိတ်ကနဲ တစ်ချက်ချလိုက်တယ်
"အာ့ နာတယ်ဟ ဖြည်းဖြည်းသာ့သာ့ လုပ်ပါ"
"ဒေါက်တာလေးတော့မသိဘူး ဒေါက်တာလေးနေရာမှာ ငါသာဆို တော်တော်စိတ်ညစ်မှာ"
"မင်းက ဒေါက်တာလေးမှမဟုတ်တာ မင်းသာ ဒေါက်တာလေးနေရာဆို လှည့်တောင်မကြည့်ဘူး"
"အေး အခုတော့ ဆရာ မင်းကို လိုက်ရှာနေတယ် လိုက်ခဲ့"
"အဟင့် ငါဒေါက်တာလေးကို ကြည့်ဦးမယ်လို့ ကြည့်မ၀သေးဘူးလို့"
"လာစမ်းပါ အကောင်ရယ်"
"ရားးး ငါကြည့်လို့မ၀ပါသေးဘူးဆို ဆောင်ဟွန်းနီးဟျောင်းက အလုပ်လုပ်နေတဲ့အချိန် သိပ်ကြည့်လို့ကောင်းတာပါဆို"
"လာ လာ အတန်းပြန်တတ်တော့မယ်"
ဆောနူကို ဂုတ်ကနေ မနည်းဆွဲခေါ်လာရတယ်
ကျောင်းဆင်းတာနဲ့ ဆောနူ ဆောင်ဟွန်းရဲ့ ဆေးပေးခန်းကို ေတွ့ချင်စိတ်နဲ့ အပြေးလေး သွားလိုက်တယ်
ဆောနူ ဆောင်ဟွန်းရဲ့ အဆောင်ရှေ့လဲ ရောက်ကော အကျီနဲ့ဆံပင်ကို သပ်သပ်ရပ်ရပ်ပြင်လိုက်တယ် တံခါးခေါက်မလို့ကြည့်တော့ တံခါးက အသာလေးပွင့်နေတာလဲ အသာလေးတွန်းပြီး ၀င်ကြည့်တော့ သူ့ကိုကျောပေးပြီး ဖုန်းပြောနေတဲ့ဆောင်ဟွန်း