" ဖွင့်ပြောသင့်လား။ မဖွင့်ပြောသင့်ဘူးလား။ ဖွင့်ပြောသင့်လား။ မဖွင့်ပြောသင့်ဘူးလား။ "
အဖွားထွင်ခိုင်းထားတဲ့အရွက်တွေကို တစ်ရွက်ချင်းထွင်ရင်း ဆောနူတစ်ယောယ် ဖွင့်ပြောသင့်မပြောသင့်ကို ပြန်တွေးနေမိသည်။ သူဘယ်လောက်ပဲ စိတ်ဖြတ်မယ်လို့ တွေးထားတွေးထား ဆောင်ဟွန်းဟျောင်း မျက်နှာကိုမြင်ရင် ပြိုပြိုလဲသွားတဲ့ သူ့စိတ်ကိုမုန်းသည်။ မဖွင့်ပြောလိုက်ရင် တစ်သက်လုံးနောင်တကို ပိုက်ပြီးတော့လဲမနေချင်။ ဖွင့်ပြောလိုက်ပြန်ရင်လဲ အငြင်းခံရမှာ အသိသာကြီး။ အငြင်းစကားကိုလဲ သူနားထောင်နိုင်စွမ်းမရှိ။
ဂျောင်၀န်းဆိုရင် သူ့ကိုတော်တော် စိတ်မရှည်ဖြစ်နေသည်။
" ဖွင့်ပြောလိုက်ကွာ ကြာတယ်.."
" ကောင်မလေးရှိနေတာကို ငါ့ကိုငြင်းလွှတ်မှာပေါ့။ "
" အာ့ဆို မပြောနဲ့.."
" မပြောလိုက်ရင်လဲ ငါနောင်တရလောက်မယ်ထင်တယ်။ "
" မင်းသွားတော့ မင်းသွားလိုက်တော့ ဆက်ပြောရင် ငါမင်းကို ထရိုက်မိတော့မယ်။ ဘယ်နှယ့် အစက ငါ့မှာ သနားလိုက်ရတာ။
မတန်ဘူး သွား "ပထမဆုံးအနေနဲ့ ဂျောင်၀န်းသူ့ကို အိမ်ကမောင်းထုတ်တဲ့အထိပင်။ တော်တော်လဲ စိတ်မရှည်တော့တဲ့ပုံ။
သူ့စိတ်က အဲ့လိုဖြစ်နေတော့ သူကိုယ်တိုင်လဲ ဘယ်လိုလုပ်သင့်ဆိုတာမသိတော့။
" ဟဲ့ ဆောနူ ငါ့မြေးရယ် အရွက်ထွင်နေတာ တစ်နာရီလောက်ကြာတယ် ဘာတွေတွေးနေတာလဲ အရင်ကဆို 15မိနစ်လောက်နဲ့ပြီးတာကို။ သွား သွား။ အဖွားပဲဆက်လုပ်တော့မယ်။ "
အခုတော့ အဖွားကပါ သူ့ကိုမောင်းထုတ်နေပြီ။ ကျောင်းပိတ်ရက်ကို ဘာမှလဲမလုပ်ချင်တော့ ဒီတိုင်းအိမ်ရှေ့အိမ်နောက် တစ်ပတ်ပတ်မယ်ဆိုပြီး ထွက်လာလိုက်သည်။ မိုးရာသီရောက်ခါနီးမို့လို့လားတော့မသိ ပင်လယ်လေ ဖြည်းဖြည်းချင်း တိုက်ခတ်နေသည်က စိတ်ကိုပါအေးချမ်းသွားသလို။ စိတ်လဲရှင်းအောင်ဆိုပြီး ပင်လယ်ဘက်ကို ထွက်လာတော့ ကမ်းစပ်မှာ စာအုပ်တစ်အုပ်နဲ့ ထိုင်နေတဲ့ ဆောင်ဟွန်း။ ကြည့်ရတာ ပန်းချီဆွဲနေသည့်ပုံ။