ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ ဆောနူနဲ့ဂျောင်၀န်း အပြင်မသွားပဲနဲ့ ဂျောင်၀န်းအခန်းထဲမှာ ဂိမ်းစက်တစ်လုံးနဲ့ နှစ်ယောက်သား အလုပ်ရှုပ်နေတယ်
ဂျောင်၀န်းလဲ ဆောနူကို ဟိုကိစ္စနဲ့ပတ်သတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်စေချင်တာရယ် ဆောနူကလဲ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောတော့ သူမမေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဟုတ်တယ်လေ အလကားနေ အစကနေ ပြန်တွေးမိပြီး အီမိုနေရင် သူပဲချော့နေရမှာ ဂင်ဆောနူဆိုတာ ခေါင်းမာတဲ့အမျိုး တစ်ခါအီမိုသွားရင် သုံးလေးပတ်လောက်က ငြိမ်ကျသွားကော ပိုဆိုးတာက အဖွားရိပ်မိသွားရင် မလွယ်
ဂျောင်၀န်း ဂိမ်းဆော့နေရင်း ဆောနူမျက်နှာအရိပ်အကဲကို တစ်ချက်ချက်လှမ်းကြည့်တယ် ဆောနူကတော့ ပြုံးပြုံးရွှင်ရွှင်ပဲ ဂိမ်းထဲစိတ်နစ်ထားလို့ သူမေးကလဲမေးချင် ဆောနူပြန်တွေးမိမှာကိုလဲ ကြောက်
"မေးစရာရှိတာမေး ငါ့အရိပ်အကဲကြည့်မနေနဲ့ ငါမင်းကို ဟိုးငယ်ငယ်လေးထဲက သိလာတာ မင်းအကြောင်းငါသိတယ်"
ဂိမ်းထဲကို အာရုံစိုက်နေတဲ့ ဆောနူဆီက အသံထွက်လာတော့ ဂျောင်၀န်းတစ်ချက်လန့်သွားတယ် အေးပေါ့လေ သူကလဲ ပေါ်တင်ကြီး တစ်ချက်ချက်ကြည့်မိနေတာဆိုတော့
ဂျောင်၀န်းမေးမလို့လုပ်တော့
"မင်း ဟိုကိစ္စကိုသိချင်တာမလား"
ဂိမ်းစက်ကိုချပြီး ဂျောင်၀န်းဘက်လှည့်ပြီး ဆောနူမေးလိုက်တယ် ဂျောင်၀န်းခေါင်းအသာလေး ငြိမ့်ပြတော့
" ဆောင်ဟွန်းဟျောင်းကို ဖွင့်ပြောဖို့ ကိစ္စ ငါမတွေးချင်သေးဘူး ဒီလိုအခြေအနေလေးကပဲ ငါနဲ့အဆင်ပြေတယ် ဆောင်ဟွန်းဟျောင်းနဲ့လဲ ထိပ်တိုက်မတွေ့အောင် နေမယ် အဲ့လိုဆိုရင်တော့ ငါ့ခံစားချက်တွေ ပျောက်ကောင်းပျောက်နိုင်ပါရဲ့"
ဆောနူရဲ့အတွေးကို ဂျောင်၀န်းနားလည်ပါတယ် ဒါပေမဲ့ ရှောင်မယ်ဆိုရင်လဲ ဘယ်လောက်ထိ ရှောင်နိုင်မှာမို့လို့လဲ ဒီမြို့ကကျဉ်းကျဉ်းလေး တစ်နေရာနဲ့တစ်နေရာမှာ တိုးကိုတိုးမှာ ဆောင်ဟွန်းဟျောင်းကလဲ သူ့အနား အမြဲကပ်နေတဲ့ကလေးက ရုတ်တရက်ကြီး မသိချင်ယောင်ဆောင်သွားရင် မရိပ်မိပဲနေမလား ဆောနူကို ရအောင်လိုက်မေးမှာပဲ လုံး၀မရရင် သူ့ဘက်လှည်လာမှာ ဆောနူဘာတွေးနေလဲ နားတော့လည်ပေမဲ့ ဒီအဖြေကိုတော့ ဂျောင်၀န်းတကယ် သဘောမကျပါ