"ဆရာ ဆရာ ဆောနူသတိလစ်သွားလို့"
အလောတကောအသံကြောင့် ဆောင်ဟွန်း သူ့အလုပ်စားပွဲမှာထိုင်နေရင်း ကမန်းကတန်း ဆေးပေးခန်းကုတင်ဆီပြေးလာတယ်
ကုတင်ပေါ်မှာ လှဲနေတဲ့ကောင်လေးကို ကြည့်လိုက်တော့
"ဟင် မနေ့က ကောင်လေး.."
"ဗျာ ဆရာဘာပြောလိုက်တာလဲ"
"ဘာမှမဟုတ်ပါဘူး ဘယ်လိုဖြစ်ပြီး သတိလစ်သွားတာလဲ"
အဲ့ကျောင်းသားက ခေါင်းကိုကုတ်ပြီးတော့
"ဘောလုံးခေါင်းမှန်ပြီး သတိလစ်သွားတာ ဆရာ"
"ဟင်??"
ဟုတ်တယ်လေ ဒီလောက်ဘောလုံးသေးသေးလေးကို ပြင်းပြင်းပုတ်ရင်တောင် ဘယ်သူ သတိလစ်မှာလဲ
"ထိတာနဲ့ သတိလစ်သွားလို့ ကျွန်တော်တို့ ချက်ချင်းခေါ်လာတာ ဆရာ"
ဆောင်ဟွန်းလဲ ခေါင်းကိုကုတ်ပြီး ဒေါက်တာတွေဆောင်ထားေလ့ရှိတဲ့ ဓာတ်မီးသေးသေးနဲ့ ဆောနူမျက်လုံးကို အသာလေးဖွင့်ကြည့်ပြီး ထိုးကြည့်မိတယ်
သတိလစ်ချင်ယောင်ဆောင်နေတဲ့ ဂင်ဆောနူက နီးနီးကပ်ကပ်ကြီးရှိနေတဲ့ ဆောင်ဟွန်းမျက်နှာလဲမြင်ကော တစ်ကိုယ်လုံး ပူရှိန်းတတ်လာပါကော
"ဟင် ဘာလို့အသားတွေ အဲ့လောက်ပူနေတာလဲ"
ဆောင်ဟွန်း ပြောကလဲပြော ဆောနူနဖူးကို လက်ကပါစမ်းကြည့်ေနတော့ ဆောနူတကယ်ထိုင်ပါ ငိုချင်လာတယ် ပိုလို့တောင်ပူထူပြီး
"အဖျားရှိနေတယ်ထင်တယ် ဒီနေ့တော့ သူ့ကိုဆေးပေးခန်းမှာပဲပေးနေလိုက်ပါ ဆရာလဲရှိနေမှာဆိုတော့ အတန်းပိုင်ကို ခွင့်တိုင်ပေးလိုက်"
"သူ့အိမ်ကိုကော သွားပြောရဦးမလား ဆရာ"
"မပြောလဲရပါတယ် အဖျားငွေ့ငွေ့လေးရှိနေတာမို့လို့ ဆရာ သူအဖျားကျမှ ပြန်လွှတ်လိုက်မယ်"
"ဟုတ် ဆရာ အာ့ဆို ကျွန်တော်တို့ အတန်းထဲ ပြန်လိုက်ပါဦးမယ်"
ဆောင်ဟွန်းလဲ ခေါင်းတစ်ချက်ငြိမ့်ပြပြီး သူ့အလုပ်စားပွဲမှာ ပြန်ထိုင်ရင်း အရင်ဆေးရုံက သူ့လူနာတွေ ဆေးမှတ်တမ်းကို ပြန်ကြည့်နေတယ်