#သခင်စေရာ (အပိုင်း ၄ )
MEW နဲ့ Gulfတို့ လက်ထပ်ပွဲကိုတော့
MEW သူ့ရဲ့ အိမ်ကြီးမှာပဲ အကျဉ်းချုံး ကျင်းပခဲ့လိုက်တယ်MEW တို့အိမ်ရဲ့ မိသားစု ရှေ့နေက်ို
ဖိတ်ကြားပြီးနှစ်ဖက်မိဘတွေရဲ့
အရှေ့မှာပဲ လက်ထပ်စာချုပ်
လက်မှတ်ရေးထိုးခဲ့ကြတယ် ...အကျီအဖြူလက်ရှည်
ဂျင်းဘောင်းဘီအပြာကို
ခပ်ရိုးရိုးသာ Gulf ဝတ်ဆင်ထားခဲ့တယ် ..MEW ကတော့နှစ်ဖက်မိဘတွေ
စုံစုံလင်လင်နဲ့ ရှေ့နေကြီး ရောက်လာပြီး တော်တော် ကြာမှ
အမောတကောနဲ့ ရောက်လာခဲ့တယ် .." Sorry ဗျာ ကျတော်
အလုပ်ကိစ္စ အရေးတကြီး ပေါ်လာလို့ပါ "ဘယ်လောက်ပဲ အလုပ်ကိစ္စ
အရေးကြီးပါစေ ဒီနေ့ဒီရက်ကိုတော့ အလေးမထားသင့်ဘူးလားသူ့ကို အရေးမလုပ်ချင်တောင် မိဘတွေ နဲ့
ရှေ့နေကြီးကိုတော့ လေးစားဖို့
ကောင်းတာပေါ့ခုတော့ နောက်ကျပြီးမှ ရောက်လာတာတောင် ဘယ်သူ့ကို ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ ..
သူ့နဲ့ မနီးမဝေးမှာ ထိုင်နေတဲ့ MEW ဆိုတဲ့
သူကို Gulf စိတ်ထဲ အလိုမကျ
ဖြစ်မိသွားတယ်ငါ အကြွေးနဲ့ မင်းကို သိမ်းထားတာ ..
ငါ့ စိတ်ကြိုက် ငါ လုပ်ချင်သလို
လုပ်မယ်ဆိုတဲ့ပုံစံ အချိုးမျိုး ..
Gulf အမြင်ကတ်ကတ်နဲ့ မျက်စောင်းထိုးပြီး
ကြည့် လိုက်မိတယ် . .အလုပ်ကနေ အလောတကြီးနဲ့ ရောက်လာ ..
ဆံပင်ဖွာလန်ကျဲ ဝတ်စားထားတာလဲ
ကြည့်အုန်းဂျင်းဘောင်းဘီက ဒူးခေါင်းနားမှာ စုတ်ပြတ်နဲ့ဝတ်ထားတဲ့ အကျီကလည်း ရင်ဘတ် တပြင်လုံးဟာလာဟင်ပြင်နဲ့ ..
သူ့ဘာသာ တခြား အချိန် ဘယ်လိုပဲ
ဝတ်စား ထား ထား အကြောင်းမဟုတ် ..
ဒါပေမယ့် ဒီလိုဒီရက် မှာ နဲနဲပါးပါး တော့
လူကြီသူမတွေကို မလေးစားသင့်ဘူးလား ..ဒီလူကြည့်ရတာ ဘယ်သူ့ကိုမှ ဂရုမစိုက်
ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ပုံစံ ..သူ့အမ ပြောသလို သူ့အပေါ် အခုထဲက
ပညာပြနေတာများလား လို့
Gulf အတွေးဝင်မိသွားတယ်
ВЫ ЧИТАЕТЕ
သခင်စေရာ
Фэнтезиမင်းက ငါ့အတွက် ဈေးကြီးကြီးပေးထားရတဲ့ အပျော် ကစားစရာ အရုပ်ပဲ Gulf .... MEW Suppasit ခင်ဗျားလို ပိုက်ဆံမချမ်းသာပေမယ့် မာနတော့ မဆင်းရဲဘူး... Gulf Kanawut