#သခင်စေရာ (အပိုင်း ၁၃ )
" Gulf. လာလေ ဘာဖြစ်လို့လည်း "
ဒီနှစ်ယောက်အိပ်ကုတင်ကြီးပေါ်ကို
နောက်တခါ Gulf ရောက်လာရပြန်ပြီအရင်တခါကတော့ အချစ်ဆိုတာ
ဘာမှန်းမသိပဲယောင်နန နဲ့
သူ လက်ထပ်ခဲ့ရတယ် ..လက်ထပ်ပြီးပြန်တော့လည်း .. အင်းး
ဒီတခါကတော့ အရင် ခံစားချက်မျိုးမဟုတ်
MEW ကလည်း အရင်လို ခပ်တည်တည်
ခပ်မာမာ ထန်ထန်မဟုတ်ပဲ..
ချစ်ရည်ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို
ရွန်းဆာတဲ့ အကြည့်တွေနဲ့ ကြည့်နေတော့ ..Gulf ရင်ခုန်သံတွေ မြန်လာရတယ် ..
စိတ်တွေ လှုပ်ရှားလွန်းလို့ Gulf သူ့ရင်ဘတ်သူ
ပြန်ပြီး ဖိ ထား လိုက်ရတယ် ..အိပ်ယာပေါ်မှာ အကျအန လှဲပြီး Gulf ကို
MEW သူ့လက်မောင်းတဖက်ကို ပုတ်ပြပြီး
ခေါ်လိုက်တယ် ..ရှက်တက်တက် ပုံစံလေးနဲ့ Gulf အိပ်ယာပေါ်
တက်လာပြီး သူ့ လက်မောင်းပေါ်မှာ ခေါင်းအုံးအိပ်ချလိုက်တယ် ..သူ့လက်မောင်းပေါ်ရောက်လာတဲ့ Gulf
ခေါင်းလေးကို MEW သူ့ မေးစေ့
အောက်နားထိ ဆွဲဖက်ယူလိုက်တယ် ..
ပြီးတာနဲ့ ရင်ချင်းအပ်ပြီး ဖက်ထား
လိုက်တယ်" အယ် MEW "
Gulf အသက်ရှုမှားမတပ်ဖြစ်သွားရတယ် ..
MEW ရင်ခွင်ထဲမှာတော့ Gulf ခေါင်းလေးက
မော့တော့တော့သာဖြစ်နေတော့တယ် .." ကြည့် ခေါ်ပြန်ပြီ MEW လို့ "
" ကဲ ကဲ "
Gulf လည်ပင်းသားလေးတွေကို MEW အတင်းနမ်းရှုံ့လိုက်တော့တယ်
" ဟား ဟား P'MEW .. "
Gulf သဘောကျသလို ရယ်လိုက်ရင်း
MEW မျက်နှာကို မော့ကြည့်လိုက်တယ် ..ပြီးတော့မှ MEW မျက်နှာကို Gulf သူ့လက်နဲ့
ကိုင်ကြည့်ပြီး နမ်းလိုက်တော့တယ် .." Gulf "
Gulf သူ့နှုတ်ခမ်းကို အရင် စ နမ်းလိုက်တာမို့
MEW အံ့အားသင့်သွားရတယ် ..
![](https://img.wattpad.com/cover/267635008-288-k484326.jpg)
VOUS LISEZ
သခင်စေရာ
Fantasyမင်းက ငါ့အတွက် ဈေးကြီးကြီးပေးထားရတဲ့ အပျော် ကစားစရာ အရုပ်ပဲ Gulf .... MEW Suppasit ခင်ဗျားလို ပိုက်ဆံမချမ်းသာပေမယ့် မာနတော့ မဆင်းရဲဘူး... Gulf Kanawut