သခင်စေရာ(အပိုင်း၉)

942 61 2
                                    

#သခင်စေရာ   (အပိုင်း ၉ )

" ဒေါ်ကျင် ကိုနောင် အားလုံး  လာအုန်း "

အိမ်ထဲ ရောက်တာနဲ့ ဒေါ်ကျင်နဲ့ အတူ တခြား
သူတွေကိုပါ ကို MEW လှမ်းခေါ်လိုက်တယ်

ဒေါ်ကျင်အပါအဝင် အိမ်မှာ ရှိတဲ့ အလုပ်သမားအားလုံး MEW ရှေ့ကို ရောက်လာပြီး MEW ဘာပြောမလည်း နားထောင်နေကြတယ်..

" ကျတော် လိုရင်းကိုပဲပြောမယ် ..

အားလုံး ကျတော် ပြောတာကို နားထောင်ပါ
ပြန်ပြီး မမေးပါနဲ့ ပြီးတော့ ..

အားလုံးပဲ ဒီအိမ်မှာ အလုပ်စလုပ် ထဲက
စည်းကမ်းချက်တွေကို သိပါတယ် နော် ..

ဒီ အိမ်က ဘာသတင်း ဘာအတွင်းရေး
ကိစ္စကိုမှ အပြင်ကို မရောက်ရဘူး
အပြင်က သတင်းတွေ
အိမ်ထဲကို မယူရဘူးဆိုတာ ..

" ဟုတ်ကဲ့ နားလည်ပါတယ် "

" အင်း ကောင်းပြီ 
အဲ ဒါဆို ကျတော်ပြောမယ် "

" အခု Gulf မှာ ကိုယ်ဝန်ရှိနေတယ်  .. 
အဲဒါ အားလုံးပဲ သူကို သွားတာလာတာက အစ စားတာသောက်တာအကုန်
ဂရုစိုက်‌ကြပါ ..

ယောက်ျားလေးတယောက်က
ဗိုက်ကြီးနိုင်လားကိုယ်ဝန်ဆောင်နိုင်လားလို့ အားလုံးစိတ်ထဲမှာ
မေးချင်နေမယ်မှန်း သိပါတယ် ..

ကိုယ်ဝန်ဆောင်နိုင်လို့
အခု ဗိုက်ကြီးလာတောပေါ့

အဲလောက်ပဲ ကျတော် ပြောချင်တယ် ..

အဲဒီကိစ္စကိုလည်း ဒီ အိမ်ထဲမှာပဲ ထားပါ ..

အားလုံး နားလည်ပါတယ်နော် "

" ဟုတ်ကဲ့ P'MEW "

အဲဒါဆို ကျန်တဲ့သူတွေ သွားနိုင်ပြီ
ဒေါ်ကျင်နဲ့ ကိုနောင်  ခဏ နေခဲ့အုန်း

ကျတော် ပြောစရာရှိလို့ ..

ကျန်တဲ့သူတွေကိုတော့ MEW လိုတိုရှင်းပဲ
ပြောလိုက်ပြီး ဒေါ်ကျင်တို့ကိုတော့ Gulf ကိစ္စ
သေချာ ရှင်းပြဖို့ စိတ်ကူးလိုက်တယ် ..

သူတို့ကနေ တဆင့် တခြားသူတွေ သိသွား
စေချင်တာလည်း ပါတာပေါ့ ..

" ဒေါ်ကျင်တို့လည်း Gulf မှာ
ကိုယ်ဝန်ရှိနေတာအံ့ဩပြီး
တွေးစရာဖြစ်နေမယ်လို့ ထင်တယ် .. "

သခင်စေရာNơi câu chuyện tồn tại. Hãy khám phá bây giờ