#သခင်စေရာ (အပိုင်း ၁၄ )
" ဒေါ်ကျင် Gulf လက်ထဲက ဘူးတွေ ယူပြီး
သိမ်းလိုက် အဲဒါ Gulf အတွက်နော် ..
ခင်ဗျားတို့ အတွက် မဟုတ်ဘူး ယူမစားကြနဲ့" P' အများကြီးကို စားလို့ရပါတယ် "
MEW စကားကြောင့် ဒေါ်ကျင်ကို
Gulf အားနာသွားရတယ် .." သိပါတယ်တော် ရှင့်ကလေး မုန့်တွေမှန်း
ကျုပ်တို့ကလည်း ကလေးစာတွေ
မကြိုက်ပါဘူး"" ဟား ဟား သိရင် ပြီးတာပဲ "
ဒီသူဌေးနဲ့ ဒီအလုပ်သမားကတော့
သူတို့ဘာသာပြောဆို ဟုတ်နေကြပေမယ် ..
Gulf ကတော့ ကြားထဲကနေ MEW
အပြောကို အနေခက်နေရတော့တယ် .." P'MEW
ကလည်း ဒေါ်ကျင်ကို အားနာစရာ"" ကိုယ် ဂရုစိုက်တာ ပြောင်းလဲချင်တာ
မင်းတယောက်ထဲ ပဲ ရှိတယ် Gulf ..
ကျန်တဲ့ သူတွေ အပေါ်တော့
ကိုယ် ဒီအတိုင်းပဲ ပြောင်းလဲဖို့ ခက်တယ် ..သူတို့ ကြိုက်က်တာမကြိုက်တာ
ဂရုမစိုက်ဘူး ဂရုစိုက်တာ
မင်းလေးတယောက်ပဲ .. "" ကျတော်က ကြားထဲက မျက်နှာပူတာပေါ့ "
" မျက်နှာပူရင် ကိုယ့်ရင်ခွင်ထဲ သိမ်းထား"
" လာခဲ့ "
MEW ပြောရင်းနဲ့ Gulf ကိုယ်လုံးလေးကို
သူ့ရင်ခွင် ဆွဲသွင်းထားလိုက်တယ် ." ဒါပဲ သူ့အကြံတွေက "
MEW ရင်ခွင်ထဲ
ခေါင်းတိုးဝင် ပြန်ဖက်ထားရင်း
Gulf တိုးတိုးလေး ပြောလိုက်တယ် .." ဟား ဟား ဟား "
အဝတ်အစား လဲပြီးကြတာနဲ့ MEW ကတော့
သူ့ အလုပ်ခန်းထဲ ဝင်သွားပြီး ကျောက်တွေနဲ့
အလုပ်ရှုပ်နေတော့တယ် ..Gulf ကတော့ ဟိုတနေ့က ယူလာပြီး
နေရာမချရသေးတဲ့ သူ့ပစ္စည်းတွေကို ရှင်းလင်းနဲ့ပေါ့ထိုအချိန်မှာပဲ ...
" တူ .. တူ .. တူ "
သူ့ ဖုန်းလေး မြည်လာတာနဲ့
Gulf ကြည့်လိုက်တယ် .." P'Thor "..
" Hello .. P'Thor ..
" Hello Gulf နေကောင်းရဲ့လား ..
ခွင့်ယူပြီးထဲက သတင်းမကြားတာ
ကလေးရော မွေးပြီးပြီလား "
YOU ARE READING
သခင်စေရာ
Fantasyမင်းက ငါ့အတွက် ဈေးကြီးကြီးပေးထားရတဲ့ အပျော် ကစားစရာ အရုပ်ပဲ Gulf .... MEW Suppasit ခင်ဗျားလို ပိုက်ဆံမချမ်းသာပေမယ့် မာနတော့ မဆင်းရဲဘူး... Gulf Kanawut