သခင်စေရာအပိုင်း(၁၂)

1.2K 67 4
                                    

#သခင်စေရာ   (အပိုင်း ၁၂ )

" ကဲ ပန်းတွေက များလာပြီ Gulfရေ
ထိုးစရာ ပန်းအိုးလည်း မရှိတော့ဘူး ..
MEWရှိ  ပြန်ရင်လည်း ပြန်တော့ . 

ခြံတံခါးကနေ ယူလာတဲ့ ပန်းစည်းကို
Gulf လက်ထဲ ထည့်ပေးရင် ဒေါ်နန်းစံ
သားဖြစ်သူကို ခပ် ရွဲ့ရွဲ့လေး
ပြောလိုက်တော့တယ် ..

အမေဖြစ်သူ ကမ်းပေးတဲ့ ပန်းစည်ကို
လှမ်းယူရင်း Gulf  ကြည်နူးတဲ့ အပြုံးမျိုးနဲ့ 
ပြုံးလိုက်မိတယ် ..

Gulf အမေအိမ်ကို ရောက်နေတာ ခုဆို
တစ်‌လကျော် နှစ်လနီးပါး ရှိနေခဲ့ပြီ ..

အဲဒီအတောအတွင်း တစ်ရက်မှမပျက်
သူရှိကို MEW ရှိက ပန်းစည်းလေးတွေ
နေ့တိုင်း ရောက်လာခဲ့ရတယ် ..

Gulf ကိုယ် လွမ်းနေပြီ ..

Gulf မြန်မြန်ပြန်လာခဲ့တော့ ..
ဆိုတဲ့ စာလေးတွေ

တနေ့တနေ့ မရိုးမထပ်ရအောင် ပန်းအမျိုးမျိုးနဲ့
ကတ်အမျိုးမျိုး စာအမျိုးမျိုး တွေ ..

လူကြည့်တော့ ခပ်ကြမ်းကြမ်းနဲ့
ရေးတဲ့စာတွေက
မထင်ထားရအောင် နူးနူးညံညံ ..

MEW ပို့သမျှ ပန်းတွေကို
ပန်းအိုးထိုးရလွန်းလို့
ဒေါ်နန်းစံရဲ့ သိမ်းထားသမျှ
ပန်းအိုးတွေလည်း
ကုန်သလောက် ဖြစ်နေပြီ ..

"နွမ်းသွားတဲ့ ပန်းတွေကို
လွင့်ပစ်ပါဆိုတော့လဲ
မပစ်နိုင် ဖြစ်နေတာ  ..  "

" မဲ့ကလည်း ပန်းတွေက
နွမ်းပေမယ့် သူ့ အနံကရှိနေ ‌သေးတယ်  "

ပြုံးတုံ့တုံ့နဲ့ ကျေနပ်သလို
ကြည်နူးနေတဲ့ သားကို ကြည့်ပြီး
ဒေါ်နန်းစံ  ဝမ်းသာနေမိတယ် ..

အိမ်မှာလာနေတဲ့ အတောအတွင်း
Gulf စိတ်အခြေအနေ တော်တော်လေး
ကောင်းလာတာတွေရတော့
သူ စိတ်ချမ်းသာရတယ် ..

အပြင်ပိုင်းမှာသာ ကြံခိုင်တယ်လို့
ထင်နေရတာ
တကယ်တော့ Gulf ဟာ စိတ်ပျော့တယ် ..

တော် တန်ရုံ သူများကို
စိတ်မဆိုးတတ်ပေမယ့်မုန်း ပြီဆိုလည်း
ပြန် လှည့်ကြည့်တတ်တာမဟုတ်

ဒါပေမယ့် သူ တယောက်ယောက်ကို
ချစ်ရင်လဲ အဲဒီလူကို ‌မပြောင်းလဲဘဲ
ချစ်တတ်တာ ..

သခင်စေရာМесто, где живут истории. Откройте их для себя