သခင်စေရာ(END)

1.8K 80 6
                                    

#သခင်စေရာ ( ဇာတ်သိမ်းပိုင်း )

" ဟယ် !! "

" MEW , Gulf .. "

ကုတင်ပေါ်က Gulf ဗိုက်ကို စမ်းသပ်
ကြည့်နေရင်းမြတ် အလန့်တကြား သံ
ထွက်သွားရတယ် ..

ကုတင်ပေါ်က Gulf ရော ကုတင်ဘေးမှာ
ထိုင်နေတဲ့ MEW ပါ အလန့်တကြား
ဖြစ်သွားတယ်

" ဘာလည်း မြတ် ဘာလဲ "

" Gulf ဘာဖြစ်လို့လည်း "

" ဟဲ့ မြတ် ငါပြောတာ ကြားလား "

သူ့တို့မေးတာကို ပြန်မပြောပဲ
ကွန်ပြူတာကိုသာစူးစိုက်ကြည့်နေတဲ့
သူ့သူငယ်ချင်း မြတ်ကို
MEW အော်လိုက်တော့တယ် ..

" P'MEW .. အားနာစရာ "

Gulf အားနာပြီး
MEW လက်ကို လှမ်းပုတ်လိုက်တယ် ..

" ရတယ် Gulfရေ သူက ဒီအတိုင်းပဲ "

Gulf ရဲ့ ဓာတ်မှန်ကို သေချာအောင်
မြတ် အခါ ခါ ပြန်ကြည့်လိုက်တယ် ..

" MEW .. လာ ဒီ မှာလာကြည့် "

မြတ်ခေါ်တာနဲ့ MEW ကွန်ပြုတာအနား
တိုးကပ် ကြည့်လိုက်မိတယ် ..

" ဒါက Gulf ရဲ့သားအိမ်လုံး အဲဒီအထဲမှာ
ဒီ အစက်လိုမျိုး ဟာလေး တွေ့လား "

မြတ် ထောက်ပြတဲ့ ပုံကို MEW သေချာ
စိုက်ကြည့်လိုက်တယ် ..

" အင်း တွေ့တယ် "

" အဲဒီ အစက်လေးက
သန္ဓေသား ဖြစ်လာမှာ "

" ထူးဆန်းတယ်နော် မြတ် ဒီ အစက်လေးက
အကောင်လေးဖြစ်လာတယ်ဆိုတော့ .. "

MEW မျက်တောင်မခပ်ပဲ
စိုက်ကြည့်နေမိတယ်

" Gulf မှာ အဲတာမျိုးလေး နှစ်ခု ဖြစ်နေတယ်
MEW နင်တွေ့လား "

" အေး ဟုတ်တယ် ဟ "

" ဒါဆို Gulf ဗိုက်ထဲမှာ နှစ်ယောက်ပေါ့
ဟုတ်လား မြတ် "

" ဂုဏ်ယူပါတယ် MEW နင်တော့
အမြွာလေးတွေအဖေ ဖြစ်တော့မယ် "

" အဟား Gulf ရယ် "

MEW ဝမ်းသာအားရ ဖြစ်ပြီး Gulf ကို
ဖက်လိုက်မိတယ် .

" ဟဲ့ ဟဲ့ ငါ ရှိသေးတယ် "

သခင်စေရာDonde viven las historias. Descúbrelo ahora