#သခင်စေရာ (အပိုင်း ၁၁ )
Gulf ဆေးရုံမှာ တစ်လကျော် နေခဲ့ရတယ် .. .
တစ်လကျော်လို့ Gulf ရဲ့ အပြင်ပန်း
ဒဏ်ရာတွေ အားလုံး သက်သာ
ပျောက်ကင်းသွားပေမယ့်
သူ့ရဲ့ စိတ်ထဲက ဒဏ်ရာကတော့
မသက်သာခဲ့အရင်လိုပဲ မေးရင်ပြောတယ်
ခေါ်ရင် ထူးတယ် ငေးငေးငိုင်ငိုင်နဲ့
တနေရာမှာ စိတ်လွင့်နေတဲ့
လူတယောက်လို အမြဲ ငြိမ် ထိုင်
နေတော့တယ်" ကျတော် ဟို အိမ်လေးမှာပဲ နေမယ် "
ဆေးရုံက ဆင်းလို့ အိမ်ရောက်လာတာနဲ့
Gulf အသံလေး ထွက်လာရတယ် ..Gulf ပြောလိုက်တဲ့ စကားကြောင့် ဒေါ်ကျင်
MEW မျက်နှာကို ကြည့်လိုက်မိတယ် ..MEW ဒေါ်ကျင်ကို Gulf သူ့သဘောအတိုင်း
လုပ်ပါစေဆိုတဲ့ သဘောမျိုးနဲ့ ခေါင်းညိတ်
ပြလိုက်တယ် ..Gulf အိမ်ထဲကို ပြန် ရောက်တာနဲ့ ထိုးလက်စ
သိုးမွှေး ခြင်းတောင်းကို သူ
ကိုင်ကြည့်နေမိတယ်ခြင်းတောင်းထဲက မပြီးသေးတဲ့
ဦးထုပ်လေးက သူ့ရဲ့ ပိုင်ရှင် ဘယ်မှာလဲ
မေးနေသလို
Gulf ခံစားလိုက်ရတယ် ..ယောင်ရမ်းပြီး လက်ထဲက ခြင်းတောင်းကို
Gulf လွှတ်ချလိုက်မိတယ် ..ပြီးတာနဲ့ Gulf ကုတင်ပေါ်တက်ပြီး
အိပ်ယာပေါ်
လှဲ အိပ် နေလိုက်တော့တယ် .." Gulf နားအုန်းနော် ဘာမှတွေးမနေနဲ့ "
Gulf ကိုယ်ပေါ်ကို စောင်ပါးလေး
လွှမ်းပေးရင်း
MEW ပြောလိုက်မိတယ် ..သူလုပ်ပေးတာကို ကောင်းတယ်ဆိုးတယ်
ဘာမှပြန်မပြောပဲ Gulf ငြိမ်နေလိုက်တယ် ..Gulf ကို သူ့အခန်းထဲ ထားခဲ့ပြီး MEW နဲ့ဒေါ်ကျင်
အခန်းထဲက ထွက်လာခဲ့လိုက်ကြတယ် .." ဒေါ်ကျင် Gulf ကို တယောက်ထဲ လွှတ်မထားနဲ့
မကြာ မကြာ လာ ကြည့်ပေးပါ "" စိတ်ချပါ ဒေါ်ကျင် ဂရုစိုက်ပါမယ် "
Gulf ကို ထားခဲ့ပြီး MEW နောက်ဆံတငင်ငင်နဲ့
အလုပ်ရှိရာ ထွက်လာခဲ့တော့တယ် ..
![](https://img.wattpad.com/cover/267635008-288-k484326.jpg)
DU LIEST GERADE
သခင်စေရာ
Fantasyမင်းက ငါ့အတွက် ဈေးကြီးကြီးပေးထားရတဲ့ အပျော် ကစားစရာ အရုပ်ပဲ Gulf .... MEW Suppasit ခင်ဗျားလို ပိုက်ဆံမချမ်းသာပေမယ့် မာနတော့ မဆင်းရဲဘူး... Gulf Kanawut