သခင်စေရာ (အပိုင်း ၅ )
အား !! ကိုက်လိုက်တဲ့ ဒီခေါင်းကွာ
" ကျွတ် ကျွတ် "
သူ့ခေါင်းကို ဖိပြီး
MEW အိပ်ယာကနေ ထ လိုက်တယ် ..မနေ့ညက ကိုဩတို့ ဝိုင်းမှာ သောက်ခဲ့တာ
မှတ်မိတယ် ..အိမ်ရောက်တာ မှတ်မိတယ်
ပြီးတော့ ပြီးတော့သူ ဒီ အခန်းထဲ ရောက်လာတယ် ..
Gulf နဲ့ စကားများတယ် ..
ပြီးတော့ အား ကျွတ်!! ..
ဘာဖြစ်သေးလည်း MEW အတွေးထဲ
သိသလိုမသိသလို မမှတ်မိ ဖြစ်နေရတယ် ..သူ့အကျီတွေကရော ဘယ်ရောက်သွားလဲ
ခြုံထားတဲ့ စောင်အောက်က သူ့ကိုယ်သူ့
ပြန်ကြည့်ပြီး MEW ဇဝေဇဝါ ဖြစ်နေရတယ်ပြီးတော့ ခံစားမှု့တခု ဘယ်တုန်းကမှ
မခံစားဘူးတဲ့ ခံစားချက် ..ခံစားရတဲ့ အထိအတွေ့ က ဘာနဲ့မှ မတူ
ဘယ်လို ခံစားချက်မှန်း သူ မမှတ်မိတော့
ပြီးတော့ သူထိုင်နေတဲ့ နောက်ကျောဘက်
MEW ချာခနဲ လှည့်ကြည့်လိုက်တယ် ..
" ဟာ !!! "
ပြောင်ရှင်းနေတဲ့ ကျောပြင်တခု ..
သူ့ကို နောက်ကျောပေးပြီး ငြိမ်သက်နေတဲ့
လူတယောက် ..Gulf .. !!!
ဒါဆို ညက သူခံစားလိုက်ရတဲ့ အထိအတွေ့
ခံစားချက်က အိမ်မက်မဟုတ်ဘူး ပေါ့ ..ဟာကွာ !!!
MEW စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုတ်လိုက်မိတယ်
ကုတင်အောက် ကျနေတဲ့ သူ့ဘောင်းဘီကို
MEW ကောက်ယူ ဝတ်လိုက်ပြီး
အခန်းထဲကနေခြေလှမ်း ကျဲ နဲ့ ထွက်လာ
ခဲ့ လိုက်တော့တယ် ..သူ့နောက်ကျောဘက်က လှုပ်ရှားသံတွေ
တိတ်သွားတာနဲ့ Gulf ငြိမ်ပြီး
လှဲ နေတာကနေ
ခေါင်း လှည့် ကြည့်လိုက်တယ် ..MEW ဆိုတဲ့ သူ ထွက်သွားတဲ့ အခန်းဝကို
Gulf အပြေးသွားပြီး လော့ချလိုက်တယ် ..
ŞİMDİ OKUDUĞUN
သခင်စေရာ
Fantastikမင်းက ငါ့အတွက် ဈေးကြီးကြီးပေးထားရတဲ့ အပျော် ကစားစရာ အရုပ်ပဲ Gulf .... MEW Suppasit ခင်ဗျားလို ပိုက်ဆံမချမ်းသာပေမယ့် မာနတော့ မဆင်းရဲဘူး... Gulf Kanawut