#သခင်စေရာ (အပိုင်း ၂ )
" ခင်ဗျာ ! မာမီ ဘယ်သူ ယူရီ ဟုတ်လား
သူ့ မိခင်စကားကို MEW နားမရှင်းသလို
ထပ်ပြီးမေးလိုက်မိတယ် . .ယူရီ !!
ယူရီ !!
နာမည်တူလူသူမရှား ဆိုပေမယ့် ..
ဒီနာမည်ကို ပြန် ကြားရတော့ ပျောက်ပြီလို့
သူ ထင်နေတဲ့ ရင်ထဲက ဒဏ်ရာက
တဆစ် ဆစ်နာကျင်လာမိရတယ် ..အချစ်တွက်ဆို အသက်ပင်သေသေ ဆိုပြီး
မနူးမနပ် ရူးမိုက်ခဲ့စဉ်က
သူ့နှလုံးသားတခုလုံးနဲ့ရင်းပြီး ချစ်ခဲ့တဲ့ မိန်းကလေးတယောက် ..အဲဒီအချိန်ခါက သူ့မှာ အဖေဖြစ်သူနဲ့
နေခဲ့ချိန်အလုပ်လုပ်ရင်း
ကျောင်းတက်ခဲ့ရတဲ့ ဘဝ ..ယူရီရဲ့ လှပ သွက်လက်မှု့
အပြုံးအီတွေ ကြားမှာ
MEW နစ်မြုတ် ယစ်မူးခဲ့ရတယ် ..အချစ်သည်သာ သူ့ဘဝသူ့ကမ္ဘာ ရယ်လို
MEW ဖြစ်ခဲ့ရတယ် ..ဒါပေမယ့်မယ်မင်းကြီမ ယူရီကတော့
သူ့ခံစားချက်ကို နားလည်
လက်ခံပေးသလိုလိုနဲ့
သူလို လူမျိုးတွေကြား သူ့ခံစားချက်က
ပျော်စရာ တခုသာ ဖြစ်သွားခဲ့ရတယ် ..မပြည့်မစုံနဲ့ အချစ်ရေးကို
သူ မစဉ်းစားနိုင်ပါဘူးဆိုပြီး
သူ့ကို သစ်စိမ်းချိုး ချိုး သွားတဲ့
ပစ္စည်းဥစ္စာ မက်မောတဲ့ မိန်းမ တယောက် ..အဲဒီအချိန်တုန်းက ကိုယ့်ဖြစ်ပျက်ခဲ့တာ
ပြန်တွေးမိရင် MEW ရှက်တောင်ရှက်မိသေးသူနဲ့ရင်းနှီးခဲ့တုန်းကတော့ သူ့အဖေက
ကျောက်တွင်းသူဌေး ဘာ ညာ နဲ့ စကားတွေ
ကြီးကျယ်ခဲ့တာ ..ခုတော့ ..
အဟား ..
MEW တွေးရင်း ကိုယ့်ဘာသာ
ရယ်မိသွားတယ် ..ဒီတခါတော့ အလှည့်ကျပြီပေါ့ကွာ ..
မိန်းမတယောက်အပေါ်သူ ဒီလို စိတ်မျိုး
မထားသင့်ဘူး ဆိုတာ
MEW နားလည်ပေမယ့်
ငယ်ငယ်က လို လက်တုံ့ပြန်ချင်တဲ့ စိတ်က
ဖြစ်လာမိတယ် .." သား ဘယ်လိုသဘောရလည်း "
" ဦးအယ်နောက်က သူ့သမီးကို သားတို့ ဒီလို
လုပ်တာကို သဘောတူရဲ့လား..
VOCÊ ESTÁ LENDO
သခင်စေရာ
Fantasiaမင်းက ငါ့အတွက် ဈေးကြီးကြီးပေးထားရတဲ့ အပျော် ကစားစရာ အရုပ်ပဲ Gulf .... MEW Suppasit ခင်ဗျားလို ပိုက်ဆံမချမ်းသာပေမယ့် မာနတော့ မဆင်းရဲဘူး... Gulf Kanawut