သခင်စေရာ(အပိုင်း၁၆)

1.4K 64 4
                                    

#သခင်စေရာ ( အပိုင်း၁၆ )

Gulf အိပ်ယာက နိုး‌လာပြီး သူ့ဘေးက
MEW နေရာကိုလိုက်စမ်း ကြည့်လိုက်မိတယ်

သူ လိုက်ပြီး စမ်းလိုက်ပေမယ့်
MEW ကိုတော့ မတွေ့ရတော့ ...

MEW အရင် အိပ်ယာထသွားပြီးလို့
Gulf တွေးလိုက်ပြီး သူလည်း အိပ်ယာက
ထ လိုက်တော့တယ် ..

" ဟင် !! ဒါက "

ရေချိုးခန်းရဲ့ မှန်မျက်နှာပြင်ပေါ်မှာ
မြင်လိုက်လိုက်ရတဲ့ သူ ရုပ်ကို အံ့ဩ
သွားတယ်

သူ့လည်တိုင်မှာ ပတ္တမြားဆွဲသီး
သေးသေးလေးနဲ့
ဆွဲကြိုး ဖြူဖြူလေး ..

ဘယ်အချိန်ကများ
MEW သူ့ကို ဆွဲပေးသွားပါလိမ့် ??

ဆွဲကြိုးလေးကို ကိုင်ကြည့်ရင်း ကြည်နူးစွာပဲ
Gulf ပြုံးလိုက်မိတယ် ..

ရေချိုး အဝတ်အစား လဲပြီး
Gulf အောက်ထပ်
ဆင်းလာခဲ့လိုက်တယ် ..

" Morning baby "

ထမင်းစားခန်းထဲမှာ မနက်စာပြင်နေတဲ့
MEWကို တွေ့လိုက်ရတော့
Gulf အံဩသွားတယ်

" Morning P'Mew "

" ဘာတွေလုပ်နေတာလည်း "

" မနက်စာ လုပ်နေတာလေ "

" ဒေါ်ကျင်မရှိဘူးလား
ကျတော် ပြင်ပေးမယ်လေ "

"နေနေ ကို ကိုယ်တိုင် လုပ်ချင်လို့
babyထိုင်နေ
ဒေါ်ကျင်ကို နားခိုင်းထားတာ"

ထမလို ပြင်နေတဲ့ Gulf ကို MEW ထိုင်ခုံမှာ
ပြန်ထိုင်စေလိုက်တယ် ..

" ကဲ ရပါပြီခင်ဗျာ သုံးဆောင်ပါ "

သူ့အရှေ့ရောက်လာတဲ့ MEW လုပ်ပေးတဲ့
အနောက်တိုင်း မနက်စာကို Gulf စားလိုက်တယ်

" အင်း မဆိုးပါဘူး စားလို့ရတယ် "

" ဟာ !! မင်း "

" ဟား ဟား
အလကား စ တာ good "

MEW ကို Gulf လက်မ
ထောင်ပြလိုက်တယ် ..

"MEW ဒါတွေဘယ်က တတ်လာတာလည်း "

" အံမယ် အထင်သေးလို့
ကျုပ်က မလုပ်ချင်သေးလို့ "

Gulf နှာခေါင်းထိပ်လေးကို MEW သူ့လက်နဲ့
ချစ်စနိုး လှမ်းထိ လိုက်တယ် ..

သခင်စေရာOnde histórias criam vida. Descubra agora