သခင်စေရာ(အပိုင်း၇)

863 64 2
                                    

သခင်စေရာ   (အပိုင်း ၇ ) 

Gulf ကို စမ်းသပ်နေတဲ့ ဆရာဝန်
သေချာထပ်ပြီး
စမ်းသပ်ကြည့်လိုက်တယ် ..

ထူးဆန်းလိုက်တာ ဒီလိုအဖြစ်မျိုးဆိုတာ
တကယ့်ကို  ထူးဆန်းတဲ့ ဖြစ်ရပ် ..

လူနာကို ကြည့်လိုက်တော့ သူ့ကိုယ်သူ ဒီလို
ဖြစ်တာကို မသိသလို ပုံစံ ..
ဒါပေမယ့် လူနာရဲ့ အမေကတော့
ဒါကို ရိပ်မိပုံ

သူ့သား လန့်မှာစိုးလို့ အဓိက နေရာကို တိုက်ရိုက်မသွားပဲ သူ့ရှိ အရင်လာတာလို့ ဆရာ သဘောပေါက်လိုက်မိတယ် ..

" လူနာက ဒီလို လာရမှာမဟုတ်ဘူး  ဗျ ..
သားဖွားနဲ့မီးယပ်ဌာနဘက်ကို သွားရမှာ "

" ဗျာ ! ဒေါက်တာ ကျတော့ရောဂါက ဘာ ! "

" အော် သားရယ် ဒေါက်တာက
သူ့နဲ့ဆိုင်တဲ့ နေရာကို ပြောနေတာ
လာ သွားလိုက်ရအောင်

" ကျေးဇူးတင်ပါတယ်  ဒေါက်တာ "

ဒေါ်နန်းစံ Gulf လက်ကိုဆွဲပြီး
OG ဌာနဘက်ကို
‌လျှောက်လာခဲ့လိုက်တယ် ..

" မဲ့ ဒါက ဗိုက်ကြီးသည်တွေ ပြတဲ့နေရာလေ
ကျတော်နဲ့ ဘာဆိုင်လို့လည်း  "

" ဆိုင် မဆိုင် ဆိုတာ သား ဒေါက်တာနဲ့
တွေ့ရင်  သိရမှာပေါ့  "

" Gulf Kanawut  ဝင်လို့ရပါပြီ "

သူ့နာမည် ခေါ်သံကြားတာနဲ့ Gulf တို့သားအမိ အခန်းထဲ ဝင်သွားလိုက်တယ် ..

သူ့ရဲ့ စမ်းသပ်ကုတင်ပေါ်က Gulfဆိုတဲ့
ကောင်လေးကို  မြတ်  သေချာစမ်းသပ်ပြီး
ကြည့်နေမိတယ် .. 

သူ့စိတ်ထဲ ဇဝေဇဝါ ဖြစ်တာနဲ့ ထပ် ထပ်ပြီး စမ်းသပ်ကြည့်နေမိတယ် ..

စမ်းသပ်ကြည့်လေ 
မြတ်  ထူးဆန်းပြီး အံ့ဩလေ
ဖြစ်နေရတော့တယ် . 

"ဒီလိုဖြစ်ရပ်မျိုးက  တကယ်ကို အံ့ဩပြီး
ထူးဆန်း တယ်လို့ ပြောရမယ် . 
ကျမ ဆရာဝန်လုပ်လာတဲ့
သက်‌တမ်းတလျှောက်
စာတွေပဲ လေ့လာခဲ့ရတယ် ..
ဒီလို မျက်မြင်လက်တွေ့ကတော့ 
ဒီ လူနာက ပထမဆုံးပဲ ..

အန်တီ ဒီအနားကို လာကြည့်ပါလား
ကျမ  သေချာ ရှင်းပြချင်လို့ပါ "

သခင်စေရာNơi câu chuyện tồn tại. Hãy khám phá bây giờ