ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး
အပိုင်း 10 (Unicode)
ရိပေါ် ရှောင်းကျန့်ဆီကခွင့်တောင်းပြီးအစ်ကိုဟိုင်ခွမ်းနဲ့မတွေ့ရတာကြာသောကြောင့်စကားတွေအများကြီးပြောပြီးအစားကောင်းတွေရွေးစားကြသည်။
"တိတိလေးအဆင်ပြေလား"
"ဟုတ်ကဲ့အဆင်ပြေပါတယ်ကောကော"
အချိန်ပိုင်းအလုပ်တွေချည်းအရမ်းမလုပ်နဲ့ကိုယ့်ကျန်းမာရေးလဲဂရုစိုက်
ဟုတ်ကဲ့ပါကောကော
ကောကောလဲ ဒီနှစ်နောက်ဆုံးပဲ ဒါပြီးရင်တော့ တိတိလေးကို ကိုယ်ပြန်စောင့်ရှောက္မယ်
မဟုတ်တာကောကောလဲဆေးပညာဆိုတာ သင်ယူလေ့လာလို့ကုန်တယ်ဆိုတာမရှိဘူးလေ
တိတိ ကိုယ့်ဘာသာ စောင့်ရှောက်နိုင်ပါတယ်
ဒါပေမယ့်ကောကောလဲပြန်စောင့်ရှောက်ချင်တယ်လေ ဘာပဲဖြစ်ဖြစ် ကောကျောင်းပြီရင်တော့ အတူပြန်နေကြမယ်နော်
အင်းပါ ကောကောသဘောပါ
တိတိ အခုဆိုအချိန်ပိုင်းအလုပ် ၂ ခုပဲလုပ်တော့တာပါ
စာကြည့်တိုက်နဲ့သူဌေးတစ်ယောက်ရဲ့အချိန်ပိုင်းနဲ့အလုပ်ပဲ လုပ်တော့တာ အဲ့တာကြောင့် ကောကော အရမ်းစိတ်မပူပါနဲ့
သူဌေးအချိန်ပိုင်းဆိုတာ အခုမှလက်ခံလိုက်တဲ့အလုပ်အသစ်လား
ဟုတ်တယ်ကောကော
အဆင်ပြေရဲ့လား
ဘာကိုလဲ
တိတိက သူဌေးတွေဆီအချိန်ပိုင်းအလုပ်လက်ခံတာရှားတယ်လေ အဲ့တာကြောင့်မေးတာပါကောက
ဟုတ်ကဲ့အခုထိတော့အဆင်ပြေတယ်
မပြေတော့တဲ့နေ့ ထွက်လိုက်ယုံပဲလေ
အင်းပါ တိတိအဆင်ပြေရင် ပြီးတာပါပဲ
ဟုတ်ကဲ့ကောကော
ဒါဆို ပြန်ကြရအောင်လေ တိတိမှောင်နေရင်အဆင်မပြေပဲနေမယ်
ဟုတ်
ရှောင်းကျန့် ဂီတဘက်က ဒီနေ့သင်ပြီးရင်ရပြီနောက်ပိုင်းကိုယ့်ဘာသာ ဆက်လေ့ကျင့်နိုင်ရင် ရပြီ