ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး
အပိုင်း 2 (Unicode)
Yu Bin ကောင်လေးနောက်သို့လိုက်ရန်ပြင်လိုက်စဥ္
ဘယ်လဲ Yu Bin
ဟိုကောင်လေးနောက်လိုက်သွားပြီးဆရာရှေ့ပို့ပေးမလို့ပါ
မလိုဘူး မလိုက်နဲ့
အိမ်ပြန်မယ်
ဟုတ်ကဲ့ဆရာ
ရှောင်းကျန့်ကားထဲရောက်တာနဲ့စောစောက ကောင်လေး သူ့ကို လုပ်သွားပုံ ပြန်တွေးပြီး သဘောကျရယ်မိနေသည်
Yu Bin ဆရာရှောင်းကျန့်ကို ကြည့်ပြီးနားမလည်နိုင်ဖြစ်နေမိသည် ဆရာရှောင်းဆို သည်မှာ သူ့ကို ချေ ဖို့မပြောနှင့် အကြည့်မတတ်ရင်တောင် အဲ့အချိုးမပြေစွာကြည့်တဲ့သူဆို ဆေးရုံ ဒါမှမဟုတ် အပြတ်ရှင်းတတ်သူဖြစ်သည်
အခု ဟိုကောင်လေးက ချေယုံတင်မဟုတ် သူ့ကို အဖက်ပင်မလုပ်သွားတာကို စိတ်ဆိုးဒေါသ မထွက်ပဲ သဘောတကျ ရယ်ပင်ရယ်နေသေးသည် Yu Bin ကျောနမ်းနမ်း ချမ်းလာမိသည်
Yu Bin
ဟု ဟုတ် ဟုတ်ကဲ့ဆရာ အမိန့်ရှိပါ
ငါ့ကို ခေါင်းရှုပ်အောင်လုပ်တဲ့ ကိစ္စကို အပြတ်ရှင်းလိုက်တော့ လူကော အလုပ်ကော ရှင်းပါစေ
နောက်ထပ် အဲ့ဒါနဲ့ပက်သက်လို့ အစီရင် ခံတာမျိုးမလိုချင်ဘူး
ဟုတ်ကဲ့ ဆရာ
ရှောင်းကျန့်လဲ အိမ်ရောက်တာနဲ့ Yu Bin ကို မှာစရာရှိတာ မှာပြီး အပေါ်ထပ်က သူ့အခန်းထဲသို့ ဝင်ခဲ့လိုက်လေသည်
အိပ်ရာပေါ်တွင် လှဲဲလိုက်ပြီး Yu Bin စုံစမ်းပေးသောထိုကောင်လေးအကြောင်းကို တွေးမိနေသည် ကောင်လေးမှာမိဘတွေမရှိတော့ပေမယ့် အစ်ကိုတစ်ယောက်တော့ရှိတယ်တဲ့ ကောင်လေးက မာနကြီးတယ် အေးဆေးနေတတ်တယ် ရှောင်းကျန့်ကောင်လေးအကြောင်းတွေးနေအိရင်းကနေ အိပ်ပျော်သွားတော့သည်
Morning ဆရာ
အင်း မောနင်း Yu Bin
ဒီနေ့ Plan တွေကို စောနိုင်သမျှ စောအောင် ဖြတ်ပစ်လိုက် စိတ်ရှုပ်ခေါင်းရှုပ်ရမယ်ဆို တစ်ခါတည်းမင်းရှင်းလိုက် ငါ့ဆီ သယ်မလာနဲ့ မင်းရာထူးန့ဲအညီ အရည်အချင်းပြည့်ဝပါစေ