ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး

526 60 2
                                    

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး

အပိုင်း  7(Unicode)

Yibo pov,

Yibo ဆိုင်မှာအရက်ရက်တွေလိုပဲသီချင်းဆိုပြီး ပြန်ရန်ပြင်လိုက်စဥ္မှာပင် သူ့ဆီကိုလျှောက်လာသော လူတစ်ယောက်ကို တွေ့သည် သူ့ဆီကိုလာပြီး  အရမ်းကောင်းတာပဲ ချီးကျူးစကား ကိုဆိုကာ လက်ဆန့်ပေးပြီးသူ့အမည်အားမိတ်ဆက်ပေးလေသည် ထိုလူလက်ကို ဆန့်ကာမသိကျိူးကျွံပြုပြီးထွက်လာခဲ့သည် သို့ပေမယ့် ထိုလူသည်အလွန်ကြည့်ကောင်းသော သူဖြစ်တာကိုတော့ မသိစိတ်ထဲကနေမှတ်ချက်ချမိလေသည်

နောက်ရက်တွေလဲထိုလူကအချိန်မှန် စွာပင်ဆိုင်ကိုနေ့စဥ္မပျက်လာသည် သူ့သီဆိုဖျော်ဖြေတာကို အမြဲစူးစိုက်စွာနားထောင်တယ် တစ်ပတ်ပြည့်သောနေ့တွင်ထိုလူကသူ့အား မိတ်ဆွေဖြစ်ချင်တယ်ဟုဆိုလာပြန်သည်

ရိပေါ်ထိုလူကိုမသိချင်ယောင်နေသော်လည်း ထိုလူက သူ့ဆီကို နောက်ထပ်တစ်ကြိမ် ထပ်လာကာ ဂစ်တာတီးခြင်းနဲ့သီချင်းဆိုခြင်းကို သင်ပေးရန်တောင်းဆိုလာသည် ရိပေါ်လဲ သူ့အစ်ကိုအတွက် ပိုက်ဆံလိုနေတာနဲ့ ထို လူတောင်းဆိုတာကို လက်ခံလိုက်လေသည်

ရိပေါ်  ချမ္းသာသောသူတွေနှင့်မပက်သက်ချင္သော်လည်း အစ်ကို့ဆေးကျောင်းအတွက် စဥ္းစားမိရင်းကလက်ခံလိုက်သည် ရိပေါ် သူသင်တန်းချိန်နောက်မကျစေရန် အမြန်ပြင်ဆင်ပြီးလာသော်လည်း ထိုလူ၏ခြံတံခါးဝအရောက်တွင် အိမ်ကြီးရဲ့ခမ်းနားထည်ဝါမှုကြောင့်အံ့ဩ မှင်သက္မိနေပြီး နောက်တစ်ချိန် အစ်ကို ဆရာဝန်ဖြစ်ရင်ဒီလိုအိမ်မျိုးနဲ့ညီအစ်ကိုနှစ်ယောက်အေးချမ်းစွာနေမယ်ဟု စိတ်ကူးနေစဥ္မှာပင် ခြံတံခါးရုတ်တရက်ပွင့်လာပြီး သူ့အားအိမ်ထဲသို့ဝင်ရန်ခေါ်ဦးလေးကြီးတစ်ယောက်ထွက်လာမှ ရိပေါ်လဲလန့်ပြီး လက်ရှိအချိန်သို့ ပြန်သတိဝင်လာတယ်

ရိပေါ်လဲသူ့လာခေါ်သော လူနောက်သို့ဝင်လိုက်လာပြီး အိမ်ထဲ၏အပြင်အဆင်ကို မသိမသာအကဲခတ်နေမိတယ် ခေတ်မှီစွာပြင်ဆင်ထားသော်လည်း ခမ်းနားမှုအရှိန်က ပိုကြီးနေသလိုပင် ဧည့်ခန်းထဲရောက် ဟိုလူချောအစ်ကိုကြီးကသူ့ဝင်လာသည်ကိုမမှိတ်မသုန်စိုက်ကြည့်ပြီး စောင့်နေသည်ကိုတွေ့ရသည်

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေးOnde histórias criam vida. Descubra agora