ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး
Part 13 (Zawgyi)
ရိပေါ်အေးချမ်းတဲ့တောင်ပေါ်မှာရှိတဲ့ရွာလေးတစ်ရွာရောက်နေတာဖြစ်တယ်။မဖွံ့ဖြိုးသေးတဲ့ရွာဆိုတော့ မီးဆိုလဲ ဖယောင်းတိုင်သာ အားထားရသလို ဆိုလာပြားတော့ရှိပါရဲ့ သူကြီးအိမ်နဲ့ ကျောင်းတို့ရဲစခန်းတို့လောက္မှာပဲရှိတယ်။ ရိပေါ်ကိုတော့အားလုံးရွာသူကြီးနဲ့ကာလသားအားလုံးက ဂရုစိုက်အလေးထားကြပါတယ် ။ရိပေါ်အတွက်တော့အရာအားလုံးအဆင်ပြေအသားကျနေခဲ့တာ ၁ပတ်ပင်ပြည့်လေပြီ။သူမရောက်လာခင်ကပေါ့လေ
ရိပေါ်
''ဟင် ခင်ဗျား ´´
''ကိုယ့်ရုပ်ကအဲ့လောက်လန့်နေလောက်အောင်ဆိုးတာလား´´
''အပိုတွေမပြောနဲ့ ဘာကိစ္စရှိလို့ဒီကိုလာတာလဲ´´
''ဒီကိုတော့ဘာကိစ္စမှမရှိပါဘူး ဒါပေမယ့် ရိပေါ်လေးဆီတော့ကိစ္စရှိတယ်´´
''ဘာကိစ္စရှိတာလဲသင်တန်းတွေလဲအကုန်ဖြတ်ခဲ့ပြီးသားလေ´´
''အဲ့ကိစ္စမဟုတ်ဘူး ရိပေါ်ရဲ့´´
''............´´
''ရိပေါ်နဲ့နောက်ကိုယ့်နှလုံးသားလေးပါသွားတဲ့ကိစ္စ´´
''ခင်ဗျားနေတော့ကောင်းပါတယ်နော်´´
''အားယား ပြောရက်လိုက်တာ ရိပေါ်ရယ်´´
''ကျွန်တော်ဒီလာတာအပျော်ခရီးထွက်လာတာမဟုတ်ဘူး ဘ၀ကိုအေးအေးချမ်းချမ်းလေးနဲ့တိတ်တဆိတ်ဖြတ်သန်းချင်လို့´´
''ကိုယ်သိပါတယ် ဒါပေမယ့်ကိုယ်ရိပေါ်ကိုနှောင့်ယှက်လိုတဲ့ဆန္ဒမရှိပါဘူး ´´
''ကိုယ်တကယ်ရိပေါ်ကိုနှစ်သက္မြတ်နိုးတန်ဖိုးထားပြီးဘ၀ကိုအတူတူဖြတ်သန်းချင်လို့ မဖြစ်ဖြစ်အောင်လိုက်လာမိတာပါ´´
''ခင်ဗျားလိုသူဌေးတစ်ယောက်အတွက်ဒီနေရာကမသင့်တော်ပါဘူးနေဖို့လဲအဆင်ပြေမှာမဟုတ်ဘူးထင်တယ်´´
''ကိစ္စမရှိဘူးရိပေါ်ရှိရင်အရာအားလုံးသူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်´´
''ခင်ဗျား ခင်ဗျား´´
''ပြောရဆိုရလက်ပေါက်ကပ်တဲ့သူ ခင်ဗျားမှအဆင်ပြေရင်ဆိုလဲ သဘောပဲ ကျွန်တော်နဲ့ဘာမှမဆိုင်´´