ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး
အပိုင်း 11 (Unicode)
ရိပေါ်အခုတိတ်ဆိတ်အေးချမ်းသော တောင်ပေါ်မြို့သို့ရောက်ရှိနေသည်။
ဘယ်လောက်အေးချမ်းလဲဆို လျှပ်စီးမရှိသလို ဖုန်းလဲသုံးမရပေ။
ရွာလူကြီးအိမ်နှင့် ကျောင်းဆောင်မှာလျှင် TV & ဆိုလာပြားအနည်းငယ်သာရှိလေတယ်။
''လူငယ်လေးက ဦးလေးရွာ ကိုပရဟိတအဖြစ်တာဝန်ကျတဲ့ဆရာလေးလား''
'' ဟုတ်ပါတယ် ခင်ဗျ''
''ဆရာလေး လိုအပ်တာမှန်သမျှ ကျူပ်ကိုပြောပါ''
'' ဆရာလေးခိုင်းချင်ရာခိုင်းလို့ရအောင် ကျူပ် တူနဲ့သူ့သူငယ်ချင်းတစ်ယောက် ထားပေးခဲ့မယ်။
''ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးလေး''
''မဟုတ်တာ ဆရာလေးကို ကျူပ်တို့ပိုကျေးဇူးတင်ရမှာပါ''
'' ဆရာလေးလို့မခေါ်ပါနဲ့ဗျာ ကျွန်တော်က ဆရာ မဟုတ်ပါဘူး''
''ဒီအတိုင်း ပရဟိတ သမားပါပဲ''
''ရိပေါ် လို့ပဲခေါ်ပေးပါဗျ ကျေးဇူးတင်ပါတယ်''
''ကောင်းပြီ ဆရာ အဲ လူငယ်လေးရိပေါ်သဘောပါ''
''ကျူပ်လုပ်စရာ ရှိလို့သွားဦးမယ် ဒီနှစ်ယောက် ထားခဲ့မယ်''
''ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးလေး''
''အစ်ကိုလေး ကျွန်တော်တို့ အစ်ကိုလေးနေရမယ့်အိမ်လိုက်ပို့ပေးမယ်''
''ဟုတ်ကဲ့ကျေးဇူးတင်ပါတယ''
''အာ မဟုတ်တာ ''
''ဆရာလေး ခေါ်ဖို့အဆင်မပြေဘူးဆိုလို့ ဒီလိုခေါ်တာနော့''
''ဟုတ်ကဲ့ရပါတယ် ရိပေါ် လို့ခေါ်လဲရပါတယ်''
'' ဟုတ်ကဲ့ အစ်ကိုလေး ကျွန်တော်အမည်က လျိူရင် သူက ခမ်းလျိုင် ပါ´´
''ဟုတ်ကဲ့ သွားကြရအောင် တည်းရမယ့်နေရာကို´´''ရောက်ပြီ အစ်ကိုလေးအိမ်ကနည်းနည်းတော့ဟောင်းနေတယ် လူမနေတာကြာတော့´´
''ရပါတယ် အဆင်ပြေတယ်´´
''ဟုတ်ဒါဆို ဒီနေ့တော့ အစ်ကိုလေးနေဖို့ အဆင်ပြေအောင် တစ်နေရာစာ ရှင်းပေးထားခဲ့မယ် လိုအပ်တာ နောက်နေ့မှ ဆက်ပြီးလာလုပ်ပေးမယ်´´
''ဟုတ်ကဲ့ ရပါတယ်´´
''ခရီးပန်းလာတယ်ဆိုတော့နားလိုက်ပါဦးအစ်ကိုလေး´´
''ကျေးဇူးတင်ပါတယ်´´
''သွားဦးမယ် ညကျမှ ညစာလာပို့လိုက်ပါ့မယ်´´