ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး
အပိုင်း 3 (Unicode)
သီချင်းဆုံးတာနဲ့တစ်ပြိုင်တည်းကောင်လေး က Customer တွေခေါင်းလေးညွတ်ပြီး နောက်ထဲကိုဝင်သွားရန် ပြင်နေသည်
''ကောင်လေး ခဏ ခဏ´´
ရှောင်းကျန့် အမြန်ပင် ထိုကောင်လေးနားသွားကာခေါ်လိုက်စဥ္ ထိုဖြူဖြူ ဥဥ လေးက လှည့်ကြည့်သည်
''ဟို ဟို လေ ကိုယ် ကောင်လေးနဲ့ မိတ်ဆွေဖြစ်ချင်လို့´´
''ကျွန်တော် က မဖြစ်ချင်ဘူး´´
''ခွင့်ပြုပါဦး´´
ဆိုကာ ဝင်သွားလေတော့သည်
ရှောင်းကျန့်မှာ ဘာဆက်ပြောရမှန်းမသိစွာဖြင့်ထိုနေရာမှာပင် ရပ်ကျန်နေခဲ့တော့သည် Yu Bin ပြန်ဖို့လာခေါ်မှပင် သတိဝင်လာတော့သည်
ဒီလိုနဲ့ ရှောင်းကျန့်မနက်ပိုင်းအလုပ်ပြီးတာနှင့်ညနေဆို ထိုကောင်လေးရှိရာ သို့နေ့စဥ္လာဖြစ်နေတော့သည်
ရှောင်းကျန့် ဘယ်လောက်ပဲ နေ့တိုင်းလာနေပါစေ ထိုကောင်လေး ကတော့ သတိထားမိပုံပင်မပေါ်
ရှောင်းကျန့် ကောင်လေးသူ့ကိုသတိထားမိလာအောင် အကြံထုတ်နေမိသည်
ဒီနေ့တော့ကောင်လေးအသိအမှတ်ပြုလာအောင်ကြိုးစားကြည့်မယ်ဆိုပြီးဆုံးဖြတ်ချက်ချထားသည်
''ကောင်လေးသည် ပုံမှန်လိုပင် သူဆိုပြီးတာနှင့် ပြန်ဖို့ပြင်ဆင်နေတုန်းမှာပဲ´´
''ကောင်လေး ကိုယ့်ကို ဂစ်တာတီးတာနဲ့ သီချင်းဆိုတာလေးသင်ပေးပါ့လား´´
''ကိုယ်လဲ တီးတတ် ဆိုတတ် ချင်လို့ ဖြစ်နိုင်ရင်ကူညီပေးပါ့လား´´
''ကောင်လေးစိတ်အနှောင့်အယှက် မဖြစ်စေရပါဘူး´´
''နောက်ပြီး ကောင်လေးပညာ ကို ကိုယ်ထိုက်တန်စွာချီးမြှင့်မှာပါ´´
''ကောင်းပြီလေ´´
''ကူညီပေးဆိုတော့လဲ ကူညီပေးတာပေါ့´´
''သင်တန်းကြေးကတော့ ပုံမှန်ပေါက်သလောက်ပဲ ပေးပါ အပိုမလိုချင်ဘူး´´