ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး
အပိုင်း 12 (Unicode)
''ကျွန်တော်နဲ့တွေ့ချင်တယ်ဆိုတာ´´
''ကိုယ်ပါ XIAO ZHAN´´
''Arr ရိပေါ် သူဌေး´´
''ဟုတ်ပါတယ် ကိုယ်ပွင့်ပွင့်လင်းလင်းပဲပြောမယ်´´
''ကိုယ်ရိပေါ်ကိုသဘောကျတယ်´´
''ဗျာ´´
''တကယ်ကိုယ်အတည်ပြောတာ အဲ့ဒါ ညီဆီကခွင့်ပြုချက်လာယူရင်း ရိပေါ်ဘယ်ကိုထွက်သွားတာလဲဆိုတာပါသိချင်လို့´´
''ဟုတ်ကဲ့ အဲ့ဒါက´´
''ကိုယ်နားလည်ပါတယ် ကိုယ်ရိပေါ်ကိုလဲဖွင့်ပြောပြီးပြီဒါပေမယ့် လက္မခံပဲငြင်းပြီးကိုယ့်နဲ့ပိုေ၀းတဲ့နေရာထွက်ပြေးသွားတယ်ထင်လို့ အခုလို ထိလိုက်စုံစမ်းမိတာ´´
''ေဩာ် ရိပေါ်ငြင်းတယ်ဆိုတာ တစ်နည်းအားဖြင့်ကျွန်တော်ကြောင့်ပါ´´
''ဘာလို့လဲ´´
''ကျွန်တော်တို့ကငယ်ငယ်ကဒီလိုအခြေအနေမဟုတ်ခဲ့ဘူးပိုက်ဆံရှိတယ်လို့ဆိုရမှာပေါ့ တစ်နေ့မိဘတွေက မနာလိုသူတစ်စုကြောင့် လုပ်ကြံခံလိုက္ရပြီးကားအက်ဆီးဒန့်ကြောင့်အဖေက ပွဲချင်းပြီးဆုံးတယ် မားမားကတော့ဆေးရုံမှာ လအနည်းငယ်တက်လိုက်ရသေးတယ် အဲ့အချိန်တုန်းက ကျွန်တော်က အထက်တန်းနောက်ဆုံးနှစ် ရိပေါ်လေးက အလယ်တန်းတက်နေဆဲရှိတုန်းပေါ့ ကျွန်တော်ကငယ်ငယ်ထဲကဆရာ၀န်ဖြစ်ချင်ခဲ့တာ မိဘတွေအဲ့လိုမဖြစ်ခင် ကျွန်တော်ကျောင်းပြီးရင် လက္ထပ်ပေးဖို့ငယ်ငယ်ထဲကနှစ်ဖက်မိဘတွေသဘောတူစေ့စပ်ထားပေးတဲ့သူရှိတယ်ဒါပေမယ့်မိဘတွေဒီလိုဖြစ်ပြီးစီးပွားရေးကျရှုံးကျောင်းမပြီးသေးတဲ့ကျွန်တော်ကို ဆရာဝန်လဲဖြစ်နိုင်မှာမဟုတ်ဘူးဆိုပြီး အဲ့စေ့စပ်ပွဲကို မိန်းကလေးတွေဘက်ကစဖျက်သိမ်းသွားခဲ့တယ်´´
''ကျန်းမာရေးမကောင်းတဲ့အမေက အဲ့သတင်းကြားတော့ ပိုဆိုးသွားခဲ့တယ် တဖြေးဖြေးစိတ်ဓာတ်ကျလာပြီး ဆုံးပါးသွားတယ်´´
''အဲ့နောက်ပိုင်း ရိပေါ်က အဖေအမေတို့ချန်ပေးခဲ့တဲ့တိုက်နဲ့ခြံကိုရောင်းပြီး ညီအစ်ကို ၂ ယောက်အတွက် တိုက်ခန်း အသေး နှစ်ခန်း၀ယ်ပြီး ပိုတဲ့ပိုက်ဆံတွေနဲ့ကျွန်တော်ကိုဆေးကျောင်းဆက္တက်စေခဲ့တယ်´´