ကိုယ့်နှစ်လုံးသားအပ်နှင်းချင်မိသောကောင်လေး

750 70 8
                                    

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး

အပိုင်း  9 (Unicode)

''ရှောင်းကျန့် ခင်ဗျားဒီတစ်သက်ကောဟစီးတတ်ဦးမှာလား´´

''ဟဲဟဲ ရိပေါ်ကလဲ ကော လဲကြိုးစားနေတာပဲကို´´

''ဘာကြိုးစားနေတာလဲ ´´

''၂နှစ် ၃ နှစ်အရွယ်ကလေးတွေကိုသင်ပေးရင်တောင် ခင်ဗျားလောက် မကဘူး စီးတတ်နေလောက်ပြီ´´

''ရိပေါ်နော် ကိုယ့်ကို ခင်ဗျားလို့မခေါ်နဲ့ဆို´´

''ကောကောဒါမှမဟုတ် ကောလို့ခေါ်ပါဆို´´

''မခေါ်နိုင်ဘူး အခေါ်ခံချင်ရင်ခေါ်ခံနိုင်ဖို့ အရင်ကြိုးစားဦး´´

''အင်းပါ ကော ကြိုးစားနေပါတယ်´´

''ပြောလိုက်ရင် အဲ့လိုချည်းပဲ ပြီးရင် ဘာမှလဲမဟုတ်ဘူး´´

''ကျွန်တော်ပြန်သွားရင် မလေ့ကျင့်ဘူးမလား´´

''လေ့ကျင့်မှတတ်မှာနော် ဒီလိုသင်ယုံပဲသင်ယုံလောက်နဲ့တတ်လာမှာမဟုတ်ဘူး´´

''လေ့ကျင့်ဖို့က ရိပေါ်မှမရှိပဲ ´´

''ကောတစ်ယောက်တည်း ဘယ်လိုလုပ်လေ့ကျင့်လို့ရမှာလဲ´´

''တစ်ယောက်တည်းလေ့ကျင့်မှပိုတတ်မှာပေါ့ ခင်ဗျားဆင်ခြေလာပေးမနေနဲ့´´

''မဟုတ်ပါဘူးကွာ တကယ်ပြောတာ ဆင်ခြေမဟုတ်ဘူး´´

''ဒါဆို ဒီလိုလုပ်လေ ရိပေါ်က သင်ချိန် ၂နာရီ လေ့ကျင့်ချိန် ၂နာရီ တစ်နေ့လေးနာရီ အချိန်ပေးပေါ့ ကောကို´´

''ဂီတဘက် လဲ အချိန်ရ တော့မမေ့တော့ဘူးလေ နောက်ပြီးလေ့ကျင့်ချိန်လဲရတော့ ပိုမကောင်းဘူးလား´´

''မရဘူး ကျွန်တော့်မှာ အချိန်မရှိတော့ဘူး´´

''ဘာလို့လဲ ကောဆီမလာခင် Food delivery အချိန်ပိုင်းအလုပ်ကို ထွက်လိုက်လေ အဲ့ဒီအစားကောဆီမှာပဲဆင်းလိုက်ပေါ့´´

''ဟင် ခင်ဗျားဘယ်လိုသိ´´

''ထားလိုက်ပါ  ဒါတွေကအရေးမကြီးပါဘူး ´´

''ကော ပြောနေတာပဲ အာရုံစိုက်ပါ ရိပေါ်´´

''ရှေ့လျှောက် ရိပေါ်စာမေးပွဲနီးလာပြီမလား စာလုပ်ဖို့လဲအချိန်ယူရဦးမယ်လေ´´

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေးWhere stories live. Discover now