ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး
အပိုင်း 1 (Unicode)
''ဘယ်သွားမလို့လဲ ဆရာ´´
''အေးဆေးပြီးခေါင်းရှုပ်သက်သာစေမယ့် စားသောက်ဆိုင်မောင်းပေးကွာ´´
''ဟုတ်ကဲ့ ဆရာ´´
''ဆရာကမသောက်နိုင်ပဲနဲ့ စားသောက်ဆိုင် ဘာလို့သွားမှာလဲ´´
''ဆရာစိတ်ရှုပ်နေနေရင် တပည့်အဆင်ပြေအောင် အိမ်မှာပဲ အကုန်လုံး ပြည့်စုံအောင်စီစဥ္ပေးမယ်လေ´´
''စကီ လေးတွေပါ ပါစေရမယ် စိတ်ချဆရာ ´´
''ဆရာလန်းသွားအောင် တပည့် စီစဥ္နိုင်ပါတယ်´´
'´မလိုဘူး´´
''ငါ့အိမ် သူစိမ်းတွေ ဝင်ထွက္မှာ ကိုမကြိုက်ဘူး´´
''ဟုတ်ကဲ့ ဆရာ ဒါဆို တပည့်သိတဲ့ VIP Customer သီးသန့်ဆိုင်လေးမောင်းပေးမယ်´´
''VIP Customer သီးသန့်....!´´
''ဟုတ်ကဲ့ ဆရာ ´´
''အိုကေ´´
ရှောင်းကျန့် ဆိုင်ကိုရောက်သွားတော့ တပည့်လေးကရှေ့က ဝင်ပြီးလိုအပ်တာ အကုန်စီစဥ္ပြီး သူပြတဲ့ ခုံမှာပဲ ဝင်ထိုင်လိုက်သည် ရှောင်းကျန့် စားပွဲဝိုင်း ပတ်လည်တွင် ဘော်ဒီကဒ် လေးဦးက ခြံရံလျက်
ရှောင်းကျန့်လဲ အလုပ်ထဲတွင်စိတ်ရှုပ်စရာတစ်ခုပေါ်လာသဖြင့် စားသောက်ဆိုင်သို့ လာရောက်ခြင်းဖြစ်သည် ရှောင်းကျန့်စားပွဲသည် စတိတ်စင်နှင့်မနီးမဝေးမှာရှိနေသည် သူ့အကြိုက်ကို သိ၍ တပည့်က နေရာသေချာရွေးပေးထားခြင်းဖြစ်သည် ရှောင်းကျန့်သည် အလုပ်နှင့်သူ့အကြိုက်သည် ပြဒါးတစ်လမ်းသံတစ်လမ်းလိုပင် သီချင်းကြိုက်သော လူဆိုးတစ်ယောက် ပုံစံဖြစ်နေသည်ရှောင်းကျန့်စိတ်ရှုပ်လာလျှင်သီချင်ကောင်းကောင်းလေးနားထောင်လိုက်ရင် လန်းသွားသည်
ဒီတစ်ခါ အလှည့်ကျသူကတော့ Yibo ပဲဖြစ်ပါတယ်
ဖြောင်း ဖြောင်း ဖြောင်း
လက်ခုပ်သံများစွာကြောင့်ရှောင်းကျန့်ကြောင်သွားသည်
စတိတ်စင်မီးမှောင်သွားပြီး သံစဥ္ငြိမ့်ငြိမ့်လေးနဲ့အသံထွက်လာတော့မှ ဆလိုက္မီးလေးသည် အဲ့ဒီဆိုနေတဲ့စတတိတ်ဆင်ပေါ်က ဖြူဖြူလုံးလုံးကောင်းလေးပေါ်တွင်ကွက်၍လင်းလာသည်