ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး

557 66 5
                                    

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး

အပိုင်း  5 (Unicode)

ဘာလိုလိုနဲ့ပင် သင်တန်းချိန် ၂ပတ်ကိုပင်ဟကုန်လွန်လာခဲ့ပြီဖြစ်သော်လည်း ရှောင်းကျန့်နှင့်ကောင်လေးမှာ မေးထူးခေါ်ပြောအဆင့်ထက်ပင်မပိုခဲ့ ကောင်လေးသည်စကားနည်းယုံတင်မက စကားကိုလဲ အပိုအလိုမပြောပေ ရှောင်းကျန့်ကစပြောရအောင်လဲ သင်တန်းချိန်တွင်ပြောလို့မရအောင်ပင် ကောင်လေးက သင်တန်းပေါ်တွင်အလွန်အာရုံ စူးစိုက်သဖြင့် ပြောခွင့်မသာခဲ့ပေ မနေ့က ကောင်လေးသင်ပြခဲ့သော ဂစ်တာတီးခြင်းကို ပြန်လေ့ကျင့်နေစဥ္ကောင်လေးရောက်လာသည်

''ရောက်လာပြီလား´´

''ဟုတ်ကဲ့ ´´

''ပြန်လေ့ကျင့်နေတာလား´´

''အင်း ဟုတ်တယ် ´´

''နားမလည်တာရှိရင်ပြန်မေးနော်´´

''တကယ်လား အဲ့လိုရလား´´

''ခင်ဗျာ´´

''​ေဩာ်ကောင်လေးပြန်သင်ပေးလို့အဆင်ပြေလား မေးတာ´´

''ဟုတ်ကဲ့ ဘာနားမလည်လို့လဲ´´

''မနေ့က သင်ပေးတဲ့ လက်ကွက်ကို သိပ်နားမလည်လိုက်လို့ အခုပြန်လေ့ကျင့်ကြည့်တော့လဲအဆင်မပြေဘူး´´

'´ဟုတ်ကဲ့ ကောင်းပြီလေ ´´

''ကျွန်တော်နောက်တစ်ကြိမ် ထပ်တီးပြမယ်´´

''ခဏ   ဟို ဟို လေ မတီးပြခင် ကိုယ်တစ်ခုလောက်တောင်းဆိုလို့ရမလား´´

'´ကောင်လေးဂစ်တာနဲ့ တီးပြတာမဟုတ်ပဲ ကိုယ့် ဂစ်တာနဲ့ပဲတီးပြပေးလို့ အဆင်ပြေမလား´´

''ကိုယ်က ကောင်လေးတီးတာနဲ့ သံစဥ္တစ်ထပ်တည်းကျတာလိုချင်လို့´´

''ကောင်းပြီလေ´´

ရိပေါ်လဲရှောင်းကျန့်ဂစ်တာကို မနေ့ကသီချင်းပြန်တီးပြရန်ကိုင်ပြီးလက်ကိုနေရာတကျထားပြီးချိန်မှာပင်ရှောင်ကျန့်က နောက်ကနေပြီး ရိပေါ်ရဲ့ဂစ်တာလက်ကွက်ပေါ်တင်ထားသော လက်တွေပေါ်ကနေတဆင့် အုပ်မိုးပြီးကိုင်လိုက်သည်

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေးWhere stories live. Discover now