ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး (Unicode)

372 22 1
                                    

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေး

Part 13 (Unicode)

ရိပေါ်အေးချမ်းတဲ့တောင်ပေါ်မှာရှိတဲ့ရွာလေးတစ်ရွာရောက်နေတာဖြစ်တယ်။မဖွံ့ဖြိုးသေးတဲ့ရွာဆိုတော့ မီးဆိုလဲ ဖယောင်းတိုင်သာ အားထားရသလို ဆိုလာပြားတော့ရှိပါရဲ့ သူကြီးအိမ်နဲ့ ကျောင်းတို့ရဲစခန်းတို့လောက္မှာပဲရှိတယ်။ ရိပေါ်ကိုတော့အားလုံးရွာသူကြီးနဲ့ကာလသားအားလုံးက ဂရုစိုက်အလေးထားကြပါတယ် ။ရိပေါ်အတွက်တော့အရာအားလုံးအဆင်ပြေအသားကျနေခဲ့တာ ၁ပတ်ပင်ပြည့်လေပြီ။သူမရောက်လာခင်ကပေါ့လေ

ရိပေါ်

''ဟင် ခင်ဗျား ´´

''ကိုယ့်ရုပ်ကအဲ့လောက်လန့်နေလောက်အောင်ဆိုးတာလား´´

''အပိုတွေမပြောနဲ့ ဘာကိစ္စရှိလို့ဒီကိုလာတာလဲ´´

''ဒီကိုတော့ဘာကိစ္စမှမရှိပါဘူး ဒါပေမယ့် ရိပေါ်လေးဆီတော့ကိစ္စရှိတယ်´´

''ဘာကိစ္စရှိတာလဲသင်တန်းတွေလဲအကုန်ဖြတ်ခဲ့ပြီးသားလေ´´

''အဲ့ကိစ္စမဟုတ်ဘူး ရိပေါ်ရဲ့​´´

''............´´

''ရိပေါ်နဲ့နောက်ကိုယ့်နှလုံးသားလေးပါသွားတဲ့ကိစ္စ´´

''ခင်ဗျားနေတော့ကောင်းပါတယ်နော်´´

''အားယား ပြောရက်လိုက်တာ ရိပေါ်ရယ်´´

''ကျွန်တော်ဒီလာတာအပျော်ခရီးထွက်လာတာမဟုတ်ဘူး ဘ၀ကိုအေးအေးချမ်းချမ်းလေးနဲ့တိတ်တဆိတ်ဖြတ်သန်းချင်လို့´´

''ကိုယ်သိပါတယ် ဒါပေမယ့်ကိုယ်ရိပေါ်ကိုနှောင့်ယှက်လိုတဲ့ဆန္ဒမရှိပါဘူး ´´

''ကိုယ်တကယ်ရိပေါ်ကိုနှစ်သက္မြတ်နိုးတန်ဖိုးထားပြီးဘ၀ကိုအတူတူဖြတ်သန်းချင်လို့ မဖြစ်ဖြစ်အောင်လိုက်လာမိတာပါ´´

''ခင်ဗျားလိုသူဌေးတစ်ယောက်အတွက်ဒီနေရာကမသင့်တော်ပါဘူးနေဖို့လ​ဲအဆင်ပြေမှာမဟုတ်ဘူးထင်တယ်´´

''ကိစ္စမရှိဘူးရိပေါ်ရှိရင်အရာအားလုံးသူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်´´

ကိုယ့်နှလုံးသားအပ်နှင်းချင်မိသောကောင်လေးحيث تعيش القصص. اكتشف الآن