Part - 4(Unicode)

3.4K 431 47
                                    

မောင်နဲ့ကျွန်တော် နှင်းဆီပွင့်ဖတ်တွေကြဲထားတဲ့လျှောက်လမ်းပေါ်မှာ အတူလျှောက်လာကြသည်။မောင့်ရဲ့မျက်နှာဟာတကယ့်ကို ပြုံးရွှင်နေပြီး တစ်လောကလုံးကိုအပိုင်ရလိုက်သလိုပင်။ကျွန်တော်တို့နှစ်ယောက် သတို့သားဝတ်စုံကို ဆင်တူလေးဝတ်ထားပြီး ကျွန်တော်က မောင့်ရဲ့လက်မောင်းကိုတွဲထားသည်။လျှောက်လမ်းအဆုံးရောက်ခါနီးကျတော့ မောင်ကသူ့ကိုတွဲထားတဲ့ ကျွန်တော့်ရဲ့လက်ကို ရုတ်တရပ်ဖြုတ်ချလိုက်ပြီး အနားကနေထွက်သွားသည်။

"မောင်...မောင်ဘယ်ကိုသွားတာလဲ..ပြန်လာခဲ့ပါ...မောင်..မောင်..."

ထွက်ခွာသွားတဲ့မောင့်ရဲ့နောက်ကျောကိုလှမ်းဆွဲထားဖို့ရာ ကျွန်တော့်ခန္ဓာကိုယ်ကအလျင်အမြန်လှုပ်ရှားလို့မရ၊ ရှိသမျှအားအင်တွေအကုန်လုံးစုပ်ယူခံထားရသလိုမျိုး ခံစားနေရသည်။မောင့်ရဲ့ကျောပြင်ကိုအမှီလိုက်နိုင်ဖို့ကြိုးစားလေ မောင်ကကျွန်တော်နဲ့ ပိုပိုပြီး ဝေးသွားလေ။

"မောင် မသွားပါနဲ့..ငါကိုမထားခဲ့ပါနဲ့..မောင်..ဟမ်..သွေးတွေ..မောင့်ကိုယ်ပေါ်မှာသွေးတွေ.."

မောင် ကျွန်တော့်ဘက်ကိုပြန်လှည့်လာတဲ့အခါ ကျွန်တော်အရမ်းထိတ်လန့်သွားသည်။မောင့်ရဲ့သတို့သားဝတ်စုံပေါ်မှာ သွေးတွေ။သွေးတွေက အပေါ်ထပ်အင်္ကျီပေါ်ကစ,လို့ ပေကျံနေပြီး တောင်ရှည်ပုဆိုးအောက်ခြေအထိပါ စီးကျနေသည်။မောင့်မျက်နှာက နဂိုအတိုင်း ပြုံးနေစဲဖြစ်ပေမယ့် မောင့်မျက်ဝန်းကတော့ မျက်ရည်တွေကျနေသည်။

"လွမ်း...မောင့်ကို ခွင့်လွှတ်ပါ..."

"မောင်!!!!"

တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားတဲ့ မောင့်ကိုကြည့်ရင်း ကျွန်တော်အသံကုန်ခြစ်အော်လိုက်သည်။

"လွမ်း...လွမ်း...သတိထားဦးလေ..လွမ်း..."

ကျွန်တော်မျက်လုံးတွေအလန့်တကြားဖွင့်ကြည့်မိတော့ နီးနီးကပ်ကပ်တွေ့နေရတဲ့ မောင့်ရဲ့မျက်နှာ။မောင်ကစိုးရိမ်တဲ့အကြည့်တွေနဲ့ ကျွန်တော့်ကို အုပ်မိုးပြီးကြည့်နေသည်။ကျွန်တော် မောင့်ရင်ခွင်ထဲကိုမျက်နှာအပ်ကာ ငိုချလိုက်မိသည်။

Wedding Dress(Completed)Where stories live. Discover now