လေးနှစ်ခန့်ကြာသော်....
အဖြူရောင်အုတ်တံတိုင်းတွေနဲ့ကာရံထားတဲ့
အဆောက်အအုံတစ်လုံးရှေ့မှာရပ်လိုက်တဲ့ ကားလေးတစ်စီး။တင်ပါးကိုဖုံးသည်အထိပင်ရှည်လျားနေပြီဖြစ်သောဆံနွယ်တွေနဲ့အမျိုးသမီးလေးတစ်ဦး ထိုကားပေါ်မှဆင်းလာသည်။သွယ်လျလျလက်ချောင်းလေးတွေကို လိမ်ကျစ်လျက်စိတ်ကိုထိန်းကာ ထိုအဆောက်အအုံထဲသို့ဝင်သွားသည်။
လှေကားထစ်လျှောက်လမ်းတွေအတိုင်းတက်သွားရင်းနဲ့ အပေါ်ထပ်ထောင့်ဆုံးကအခန်းတစ်ခုရှိရာသို့ ရောက်လာတော့သည်။
အခန်းတံခါးဝ၌ အသင့်စောင့်နေတဲ့ အင်္ကျီအဖြူနဲ့သန်သန်ထွားထွားလူကြီးတစ်ယောက်က ထိုအမျိုးသမီးလေးကိုမြင်တာနှင့်
သော့ခတ်ထားတဲ့တံခါးကို အလိုက်သိစွာဖွင့်ပေးလိုက်သည်။ထိုအမျိုးသမီးလေးဝင်သွားသည့် ထိုအခန်းထဲ၌ အရာအားလုံးဟာဖြူစွတ်နေသည်။နံရံအဖြူ၊ ကုတင်အဖြူ၊ မွေ့ယာအဖြူနဲ့ မီးသီးမီးလုံးတွေကအစ ဖြူစွတ်နေသည်။ထိုအခန်းရဲ့အလယ်မှာတော့ နွမ်းလျနေပြီး အရောင်အဆင်းမထွက်တော့တဲ့မြန်မာဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသားလေးတစ်ဦးဟာ ငြိမ်သက်စွာထိုင်နေပါရဲ့။ချည်သားအင်္ကျီဟာ အနားစ,တွေစုတ်ပြဲနေပြီး အသေးစိတ်ရက်လုပ်ထားတဲ့ ချည်သားလုံချည်ဟာ ချည်မျှင်စ,တွေတောင်ထွက်နေလေပြီ။သူ့ရဲ့ပုံစံက အရာအားလုံးကိုဆုံးရှုံးထားတဲ့သူတစ်ယောက်လိုပါပဲ။ဒါပေမယ့် သူ့ရဲ့မျက်ဝန်းတွေကတော့ တစ်စုံတစ်ရာကို စောင့်မျှော်နေသယောင်၊ အဖြူရောင်သံတိုင်တွေကြားကနေ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေသည်။
"ကိုစဝ်..."
"အော်..မီးမီးလေးတောင်ရောက်လာပြီလား..မောင်က သတို့သားဝတ်စုံသွားယူတယ်..ခနနေရောက်တော့မှာပါ.."
စဝ်လွမ်းငယ်မှာ တစ်ကိုယ်လုံးပိန်ချုံးပြီး ပါးရိုးတွေပါချောင်ကျနေသည်။သို့ပေမယ့် အရိုးပဲကျန်တော့တဲ့ ဖြူသွယ်သွယ်လက်ချောင်းလေးမှာတော့ လက်ထပ်လက်စွပ်ကိုဝတ်ထားစဲပင်။
"ဟုတ်..ကိုစဝ်အရမ်းပိန်သွားတယ်နော်..ထမင်းကောင်းကောင်းမစားဘူးလားဟင်.."
YOU ARE READING
Wedding Dress(Completed)
Short StoryDonation Story for Refugees during the Spring Revolution in Myanmar (Both Uni & ZawGyi) 1 January, 2021 ~ 24 January, 2021 Upload Date - 10 June, 2021