ကျေးဇူးတင်လွှာ

1.3K 136 16
                                    

ဒီနေ့နဲ့ဆို ကျွန်တော်Wedding Dressလေးကို တင်ခဲ့တာသုံးပတ်ကျော်ခဲ့ပါပြီ။ စ,တင်ခဲ့တုန်းက ‌တင်ပြီးဒီအတိုင်းပဲထားလိုက်တယ် Wpထဲကိုလည်း ဝင်ကြည့်ဖို့ ဖုန်းဘေကမရှိတော့ဘူး။ အဲ့လိုနဲ့ တစ်ပတ်လောက်ကြာတော့မှ ဖုန်းဘေရပြီး ဝင်ကြည့်လိုက်တယ်။ ကျွန်တော်လေ တကယ်ကို မထင်ထားခဲ့တာပါ။ အဲ့လောက်အထိဖတ်တဲ့သူများလိမ့်မယ်လို့။Wpရဲ့ Notificationမှာဆိုရင် 99+တောင်ဖြစ်နေခဲ့တာ။ ခါတိုင်းဆိုရင် ကျွန်တော့်ရဲ့noti barက 6ခုလောက်ပဲတတ်တာပါ။ အဲ့တစ်နေ့လုံး ကျွန်တော်လက်တွေတုန်နေခဲ့တာ။ ရင်တွေလည်းအရမ်းခုန်ခဲ့ပါတယ်။ အခုလို ကျွန်တော့်ရဲ့ ပထမဆုံးcompleteဖြစ်တဲ့ OCလေးကို ဖတ်ပေးကြတဲ့အတွက် စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ❤️ စာဖတ်သူတို့ရဲ့ Libraryထဲအပြင် အမြတ်တနိုးထားတဲ့Reading Listတွေထဲအထိပါ နေရာယူခွင့်ရတဲ့အတွက်လည်း ကျွန်တော်အတိုင်းမသိကို ဝမ်းသာရပါတယ်။ Votesတွေ၊ Commentsတွေအတွက်လည်း ကျေးဇူးတင်ပါတယ်❤️ ‌

facebookက groupတွေထဲမှာ Reviewရေးပေးထားတာလေးတွေတွေ့ပါတယ်။ ဖတ်ရှူသူများတဲ့ အဓိကအကြောင်းအရင်းက Reviewရေးပေးတဲ့သူလေးတွေကြောင့်ပါ။ ကျွန်တော့်ရဲ့ficလေးကို Reviewရေးပေးတဲ့ Facebook Accountပိုင်ရှင် Chaw Chaw၊ Ma Aeriနဲ့ LeeNaတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်❤️ (RiNaလား LeeNaလား သိပ်မသေချာဘူး‌ဖြစ်နေတာ😅)

ကျွန်တော့်ရဲ့စာရေးခြင်းနဲ့ပက်သက်တဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးပြင်ဆင်နေတာမို့ စာဖတ်သူလေးတို့က ကျွန်တော့်ကိုဆက်ပြီး အားပေးကြပါဦး။ ပိုမိုကောင်းမွန်တဲ့ficတွေနဲ့ ပြန်လာနိုင်အောင်လည်း ကြိုးစားနေပါတယ်❤️

                                             ကလိုဗာ🍀
                           (အပေါ်ထပ်က အိမ်ငှား)

Wedding Dress(Completed)Where stories live. Discover now