Part - 2(ZawGyi)

700 117 0
                                    

"မောင်ရေ..ထတော့လေ..ဒီနေ့မောင့်မိဘတွေဆီသွားမှာမလား.."

"အေးဆေးပေါ့ လွမ်းရာ..ပိတ်ရက်လေးမှာ မောင့်ချစ်သူလေးကိုဖက်ပြီး ကောင်းကောင်းအိပ်ပါရစေဦး.."

"အွန်းပါ..မနက်ဖြန်မှအိပ် ဒီနေ့တော့ မောင့်မိဘတွေကိုသွားတွေ့လိုက်နော်..ဟုတ်ပြီလား.."

"ဟုတ်ကဲ့ပါ..လွမ်း..မောင့်ကိုထူ..."

မောင်က အိပ်ရာပေါ်ကမထဘဲ လက်နှစ်ဖက်မြှောက်ကာ သူ့ကိုဆွဲထူခိုင်းနေသည်။

"မောင်ကတော့ကွာ..အင့်..အမလေး ဘုရား!!မောင်..လွှတ်ပါ..အ့..အရမ်းမဖက်နဲ့လို့..မောင်ရေ ငါနောက်ဖေးမှာ ဟင်းရည်အိုးတည်ထားတယ်..လွှတ်ပါဦး..မောင်....မောင်ရေ..."

ဆွဲထူတာကို မထဘဲ မောင်က ကျွန်တော့်လက်ကိုစောင့်ဆွဲလိုက်တာမို့ ကျွန်တော်ပါမောင့်အပေါ်ကို မှောက်လျက်ကျသွားသည်။ကျွန်တော့်ကိုအတင်းဖက်လာတာမို့ လွှတ်ဖို့ပြောပေမယ့် မောင်ကတော့ မကြားချင်ယောင်ဆောင်ပြီး ပိုတင်းကျပ်နေအောင်ဖက်လိုက်သည်။အစကရုန်းကြည့်သေးသည်။နောက်တော့လည်း အင်အားချင်းမမျှတဲ့ကျွန်တော်ကပဲ အရှုံးပေးကာ မောင့်ကိုပြန်ဖက်ထားလိုက်ရသည်။

"လွမ်း..."

"အွန်း..ပြောလေ မောင်.."

"အခုလိုလေးပဲ တစ်သက်လုံးရှိနေရရင် သိပ်ကောင်းမှာပဲနော်..ဘာအလုပ်မှလည်း မလုပ်တော့ဘဲ..ဟော့ဒီ့က မောင့်ရဲ့လွမ်းကိုပဲ ဖက်ထားမယ်..."

"ဘယ်ဖြစ်မလဲ မောင်ရဲ့..ဘာအလုပ်မှမလုပ်ဘဲနေတော့..ငါတို့တွေ ငတ်သေကုန်မှာပေါ့လို့.."

ကျွန်တော် အဲ့လိုလည်းပြန်ပြောလိုက်ရော မောင်ကစိတ်လေတယ်ဆိုတဲ့ရုပ်နဲ့ ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး ဖက်ထားတာကိုလည်းလွှတ်ကာ အိပ်ရာပေါ်မှထ,သွားသည်။ကျွန်တော်ကတော့ အိပ်ရာသိမ်းနေလိုက်သည်။ခနကြာတော့ မောင်ကရေချိုးခန်းထဲကထွက်လာပြီး မှန်ရှေ့မှာရပ်ကာ ရေတွေသုတ်နေသည်။

"လွမ်းကလေ နဲနဲလေးမှ ရိုမန်တစ်ဆန်လို့ကိုမရဘူး..အာ့တာကြောင့် လွမ်းရည်းစားမရတာသိလား..မောင့်ကိုတောင် ကံကောင်းပေလို့ ရသွားတာနော့်.."

Wedding Dress(Completed)Where stories live. Discover now