Part-1[intro]

18.5K 664 103
                                    

Unicode

ဒီနှစ်အတွင်းမှာပူလောင်ခြင်းက
နွေရာသီတလျှောက်လုံး
ပုံမှန်ထက် ပိုနေခဲ့တာ အခုဆို မေလတောင်ကုန်တော့မယ်။

အပူတွေလျှော့နည်းသွားပေမယ့်လည်း
ရင်ထဲက အပူတွေကိုတော့ မမှီနိုင်ဘူးလေ။
Lisaအတွက်ပူလောင်ခြင်းတွေက ဘယ်တော့များမှအဆုံးသတ်မှာလဲလို့တောင်တွေးမိတယ်။

သူမအတွက် အေးချမ်းရာကို ရှာနေတာ
အသက် 27 ထဲတောင် ရောက်လို့နေပြီ။
ကိုယ့်ကိုယ်ကိုယ်တော့ လက်တွဲဖော်ရှာမို့အတွက်အချိန်လွန်နေမှန်းLisaသိပေမယ့် အချစ်ကိုသိပ်မယုံကြည်တဲ့သူမို့ Lisaလက်ထပ်ဖြစ်ခဲ့ရင်တောင်အချစ်ဆိုတာကြီးက ပါမယ်မထင်ဘူး။

ဘယ်မှာလဲ.... သူမရဲ့ပျော်ရွှင်ခြင်း
တခါတလေ သူမ ဘေးနားမှာရှိနေစေချင်တဲ့သူတွေက ခဏတာအတွက်ပဲ ရောက်လာကြတာများတယ်။

အဲ့ထဲမှာ သူမရဲ့အဖေနဲ့အမေက ထိပ်ဆုံးကပေါ့။
အဖေက သူမကို မွေးပြီး 2နှစ်အကြာမှာပဲ နောက်အိမ်ထောင်ပြုကာ မိသားစုထဲကထွက်သွားခဲ့တယ်
သူမရဲ့အမေက အရွဲ့တိုက်ကာ အိမ်ထောင်ထပ်ပြုလိုက်ကြတယ်။အခုချိန်ထိအဖေနဲ့အမေကို ထပ်မတွေ့ရတော့ပဲ အဆက်သွယ်တွေပြတ်ခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီ...ရင်နာမို့ကောင်းလိုက်တဲ့ဇာတ်လမ်းလေးမလား...

ကျေးဇူးပြုပြီး သနားတာကိုရပ်ပြီးLisaရဲ့ခပ်ကြမ်းကြမ်းအချစ်ဇာတ်လမ်းကိုဆက်ပြီးနားထောင်လိုက်ပါဦး...

ပြိုင်ကား​အဝါရောင်လေးပေါ်ကနေ Shoeဖိနပ်နက်ပြာရောင်လေးနဲ့စတိုင်pantလေးဝတ်ဆင်ထားတဲ့ သူတစ်ယောက်ဆင်းလာတယ်
မျက်မှန်အကြည်ရောင်လေးကိုချွတ်လိုက်ရင်း
ပြုတ်နေတဲ့Coatအကျီအလယ်ကြယ်သီးလေးကိုတပ်လိုက်တယ်

အထဲက အဖြူရောင်Shirtအကျီလေးကလည်း
ရင်ဘက်နားမှာကြယ်သီးနှစ်လုံးလောက်မတပ်ပဲ စတိုင်ကျအောင်ဝတ်ဆင်ထားသေးတယ်။
Sexy နဲ့ Beauty ကို ပေါင်းစပ်ကာ ကြီးပြင်းလာခဲ့တဲ့ Lisaကတော့ မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာ စွဲလမ်းအောင်လုပ်နိုင်သူပေါ့။

Lisaက တစ်ဦးတည်းသောသမီး...
3နှစ်အရွယ်ကတည်းက မိဘတွေရဲ့အဝေးမှာကြီးပြင်းကာ အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now