"သခင်....."
အရင်ကရောက်နေကျနေရာမဟုတ်တဲ့တနေရာ...
Lisaထိုနေရာမှာရပ်နေတာမိနစ်အနည်းငယ်လောက်ရှိပြီ။သစ်ပင်တွေများစွာရှိနေတဲ့
တောအုပ်ကြီးလိုနေရာရဲ့အလယ်မှာ Lisaကြားလိုက်ရတဲ့အသံလေးလာရာဘက်ကိုရှာဖွေနေမိတယ်။"သခင့်ဆီ ကျွန်မလာနေပြီ...."
"မင်း...မင်း ဘယ်မှာလဲ?!"
ထွက်လာတဲ့အသံတွေက ကတုန်ကယင်
ဖြစ်နေတာနဲ့အညီ လူကလည်း ချွေးတွေပြန်ကာ
မောဟိုက်နေသည်။"လာနေပြီမို့ သခင်ကျွန်မကိုတွေ့ရတော့မှာပါ"
"ဘယ်မှာလဲ မင်းထွက်ခဲ့ပါ ငါအခုတွေ့ချင်တယ်!"
မမြင်ရပေမယ့် ညို့အားပြင်းလွန်းတဲ့ထိုအသံလေးက Lisaရဲ့နားထဲမှာ စွဲလို့နေပြီ။
အပင်တွေပြည့်နှက်နေတဲ့ကြားထဲကနေ Lisaခြေလှမ်းတွေကို လှမ်းလိုက်တော့
အနောက်ဘက်ကနေ ဖြတ်ခနဲ ပြေးသွားတဲ့အရာတခု..."ဟမ်....!"
"သခင်.....ဒီကိုလာခဲ့ပါ...."
အသံလေးကိုlisaထပ်ပြီးကြားလိုက်ရသည်။
သူမနဲ့မလှမ်းမကမ်းမှာမြင်နေရတဲ့ ကျောပေးထားတဲ့ အဖြူရောင်ဂါဝန်လေးနဲ့ကောင်မလေးတစ်ယောက်....ဆံပင်က ကျောပြင်လောက်ထိရှည်ပြီး
နက်မှောင်လွန်းတဲ့ဆံသားတွေဖြစ်သည်။
ထူးဆန်းတာကတော့....သူမက Lisaကိုလုံးဝမလှည့်ကြည့်ပဲ ထိုအတိုင်းရပ်နေသည်။"ဟေး....မင်း မင်းဘယ်သူလဲ?"
Lisaထိုကောင်မလေးအနားကိုပြေးသွားလိုက်သည်။ အနားရောက်တော့...ကျောပြင်ငယ်လေးကိုLisaလှမ်းကိုင်မို့ကြိုးစားတော့....
"သခင်!!!!!!!"
ထိတွေ့မို့ 2စင်တီမီတာလောက်အလိုမှာပဲ အနောက်ဘက်ကနေ အသံနက်ကြီးဖြင့်အော်သံကိုကြားလိုက်ရတော့တယ်။
Lisaအလန့်တကြားဖြင့် အိပ်ယာထဲကနေ နိုးလာတယ်။ ပုံမှန်ထက် ပိုလွန်းတဲ့နှလုံးခုန်သံနဲ့အတူ
Lisaမျက်နာမှာလည်းဇောချွေးတွေဟာပြန်လျက်။"ဟင်းး..ဟင်းး..!!"
အသက်ရူမဝဖြစ်နေတဲ့Lisa မျက်လုံးတွေကိုမှိတ်ထားလိုက်ရင်း ရင်ဘက်ကိုဖိထားမိသည်။
ငါးမိနစ်လောက်ထိ Lisa သူ့ကိုယ်သူ ဘာဖြစ်နေမှန်းမသိအောင် ထိတ်လန့်နေပြီး မောပန်းနေတယ်။
YOU ARE READING
ANONYMOUS GIRL [JENLISA]❗
Fantasyအမည်မသိသောကောင်မလေးနဲ့ ဒယ်ဒီLalisa..... #lalisa[G!P]❗ Warning 🚫 21+❗ #liamjane date-1-6-2021