Jisoo*pov
လူက အိမ်နဲ့အဆင်မပြေဖြစ်ခဲ့လို့
အိမ်ကဒရိုင်ဘာကိုမပို့ခိုင်းတော့ပဲ
ထွက်လာခဲ့တယ်ဆိုမှ
Bobbyဆိုတဲ့ကောင်နဲ့မှလာဆုံနေရတယ်လို့ဟာ...တကယ်ပါပဲ...စိတ်တိုလိုက်တာ
"နင့်လက်ကိုအခုဖြုတ်နော်!"
"ငါနင်နဲ့ပြောစရာရှိလို့ပါဟာ...ငါနဲ့ခဏလိုက်ခဲ့"
Bobbyက ကျွန်မရဲ့လက်ကိုအတင်းဆွဲကာ
လက်မောင်းကိုလည်းလာကိုင်သည်။
ရုန်းနေပေမယ့်လည်းအားနည်းတဲ့ကျွန်မက
ဘာမှမတက်နိုင်ပေ။"ဒီလိုမျိုးကြီးက
ကြည့်ရတာအဆင်မပြေဘူးထင်တယ်ကိုယ့်လူ"ကျွန်မနဲ့Bobbyတို့အဆင်မပြေဖြစ်နေတုန်းမှာပဲ
အရှေ့ကို ရောက်လာပြီး ပြောလာတဲ့အသံတသံကြောင့် ကျွန်မမော့ကြည့်လိုက်သည်။"ဘာကိုလဲ?
မင်းကဘယ်သူလဲ? "သူ့အရပ်ကBobbyလောက်မမြင့်ပေမယ့်
သိပ်မကွာပေ။ သူ့ကိုကျွန်မတွေ့ဖူးသယောင်ရှိတာမို့ အမြန်စဥ်းစားကြည့်လိုက်တယ်။"Jisoo....ဒီကိုလာ"
သူ... သူက ကျွန်မနာမည်ကိုသိနေတယ်!
ပြီးတော့ သူက
ကျွန်မရဲ့လက်ကိုဆွဲယူကာ အနောက်မှာ
ပေးရပ်စေတယ်။"ဟင်..."
"ဘာလဲဟ...ရီရတယ်...
ဒီမှာ Jisooနဲ့မင်းနဲ့ကဘာဆိုင်လို့ဝင်ပါနေရတာလဲ"Bobbyဆိုတဲ့ကောင်က ခနဲ့သလိုပြုံးရီပြီး
Chaeကို တွန်းလိုက်သည်။"Jisooမင်းသူ့ကိုသိလို့လား ဟမ်!!"
Jisooလည်းChaeရဲ့အနောက်မှာပုန်းကာ
ခေါင်းကိုငုံ့ထားတယ်။
Chaeကတော့ မျက်နာထားတည်တည်ဖြင့်သာ
ဆက်ပြီး Bobbyကိုကြည့်နေသည်။"Jisooက ငါ့ညီမပဲ မင်းသွားလို့ရပြီ! "
Chaeက ပိုင်စိုးပိုင်နင်းဖြင့် Bobbyကို
ပြန်ပြောရင်း Jisooရဲ့လက်ကိုဆွဲကာ
ထွက်သွားမို့ပြင်လိုက်တော့...."ဟဟ...ဒီလိုထွက်သွားလို့ရမလား?"
Bobbyက Chaeကိုဆွဲလှည့်ကာ
မျက်နာကိုထိုးမို့ပြင်လိုက်သည်။
ဒါပေမယ့် Chaeက လက်တဖက်ထဲနဲ့
Bobbyရဲ့လက်ကိုပြန်ဆုပ်ကိုင်ကာ
လှည့်ချပစ်လိုက်သည်။
![](https://img.wattpad.com/cover/269966456-288-k817695.jpg)
YOU ARE READING
ANONYMOUS GIRL [JENLISA]❗
Fantasyအမည်မသိသောကောင်မလေးနဲ့ ဒယ်ဒီLalisa..... #lalisa[G!P]❗ Warning 🚫 21+❗ #liamjane date-1-6-2021