Part-9

5.3K 546 76
                                    

မနက်မိုးလင်းတာနဲ့ Lisaလုပ်နေကျအတိုင်း
ရေချိုးခန်းထဲအရင်ဝင်ပြီး သန့်ရှင်းရေးအတွက်
ပြင်ဆင်ရသည်။

ဒီနေ့မနက်ကတော့ Lisaအတွက်
NiNiဆိုတဲ့ကောင်မလေး အမွှေဇယားကြောင့်
အတော်လေး ခေါင်းတွေနောက်နေပြီဖြစ်တယ်။
NiNiက သူဘယ်သွားသွား လျှောက်လိုက်နေသဖြင့် Lisa တကယ်စိတ်ရှုပ်နေရပါတော့တယ်။

ကြောင်မလေးNiNiဆိုတာမယုံကြည်နိုင်သေးလည်း Lisa ထိုကလေးမရဲ့အပြုမူတွေကြည့်ခြင်းအားဖြင့် နည်းနည်းတော့ ယုံကြည်စပြုနေပြီဖြစ်သည်။

သို့သော်လည်း သူစိမ်းမိန်းကလေးတစ်ယောက်နဲ့
ဆက်ပြီး တူတူနေမို့ဆိုတာ မဖြစ်နိုင်ပေ။
Lisaရဲ့ တသက်လုံးထိန်းသိမ်းခဲ့ရတဲ့
ဟော်မုန်းတွေကိုတော့ သူကိုယ်တိုင်လည်း
အာမမခံနိုင်တာကြောင့် ပါပဲ။

ရေချိုးနေစဥ် အပြင်မှာ ဘာများမွှေနေဦးမလဲမသိနိုင်တဲ့ NiNiကြောင့် Lisa အရင်လို အကြာကြီးရေမချိုးနိုင်ပါ။
ရေပန်းကိုအမြန်ပိတ်ပြီး ရေချိုးတဘက်အကျီကို ဝတ်ကာ ထွက်လာခဲ့သည်။

ထိုအချိန်
အိပ်ယာပေါ်မှာ ထိုင်ပြီးဆော့နေတဲ့Niniက
ထိုနေရာမှာရှိမနေပဲ အခန်းတံခါးနားကို
ရောက်လို့နေသည်။

ဒေါက် ဒေါက် ဒေါက်....

"ဟာ...သောက်ဂွပဲ သွားမဖွင့်နဲ့ NiNi!!!!"

တံခါးလက်ကိုင်ကို ကိုင်လုနီးပါးလက်လှမ်းနေပြီ
ဖြစ်တဲ့NiNiကို ရေချိုးခန်းအဝမှာရပ်နေတဲ့
Lisaက လှမ်းပြောလိုက်တယ်။

Niniရဲ့အနားကိုအမြန်လျှောက်သွားပြီးနောက်
လက်ကိုကမန်းကတမ်းဆွဲကာ နံရံမှာ ကပ်သွားအောင် တွန်းကပ်လိုက်သည်။
သူကိုယ်တိုင်ကလည်း NiNiရဲ့အရှေ့မှာကွယ်ရပ်ထားလေသည်။

"မြေး မြေးလေး Lisa!"

"ဗျာ..ဗျာ အဘွား မြေးရေချိုးနေလို့ ခဏက"

NiNiကိုအုပ်မိုးထားတဲ့Lisaက အဘွားဖြစ်သူကို
လှမ်းပြောနေသည်။
သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ချင်းက
နီးကပ်နေပြီး အသက်ရူသံတွေကိုတောင်
ကြားနေရတယ်။

"အော်...အေးအေး မြေးလေး သက်သာရဲ့လား?"

"တံခါးဖွင့်ဦးလေ"

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now