Part-18[M]

11.9K 594 100
                                    

NiNiဆိုတဲ့မင်းလေးကဘာလို့များ
ကိုယ့်စိတ်တွေကို​ပြောင်းလဲပေးနေရတာလဲ?

မင်းပြောလာတဲ့စကားလုံးတွေနဲ့
အပြုမူတွေက ဒယ်ဒီ့နှလုံးသားကို
ဘာလို့များ လာတီးခေါက်နေရတာလဲ?

ဟင်...? ဘာလို့လဲ...?

Jennie ...
NiNiဆိုတဲ့ကြောင်မလေးကနေ
လူသားကောင်မလေးအဖြစ် ကိုယ့်ဘေးနား
ရောက်လာခဲ့ပြီး
အခုကျတော့ကိုယ့်ရဲ့တဘဝလုံးစာအတွက်
ကြင်သူတစ်ယောက်ဖြစ်လာတော့မယ်ပေါ့...

ဖြစ်လာတဲ့ကံကြမ္မာကြီးကို
ကိုယ်ယုံကြည်လိုက်ပြီ NiNi။
မဟုတ်ဘူး
မင်းနဲ့ရှေ့ဆက်ရမယ့်အနာဂတ်ကြီးကို
မျက်စိစုံမှိတ်ကာ ကိုယ်ယုံကြည်လိုက်ပြီဆို
ပိုမှန်လိမ့်မယ်။

"NiNi...."

Lisaရဲ့ ရှေ့ကျနေတဲ့ဆံပင်လေးတွေကို
လက်လေးနဲ့တို့ထိကစားနေတဲ့ NiNiကို
Lisaငေးမောနေရာကနေ ခေါ်လိုက်သည်။

"ပြောလေ ဒယ်ဒီ"

"အင်း...ဟို...လေ ဒယ်ဒီအခုပြောမှာကို
NiNiသေချာနားထောင်နော်"

Niniဘက်က မျက်ဝန်းလေးတွေဟာ
Lisaရဲ့စိတ်လှုပ်ရှားနေတဲ့မျက်ဝန်းတွေနဲ့
မျက်နာချင်းဆိုင်လျက်သား...

"ဒယ်ဒီ့ကိုအရင်ဆုံး လက်ပေး NiNi"

"ဘာလုပ်မို့လဲ ဒယ်ဒီရဲ့?"

lisaရဲ့ပေါင်ပေါ်မှာဘေးစောင်းလေးထိုင်နေတဲ့
NiNiက မျက်ခုံးလေးပင့်ကာ
ပြန်မေးခွန်းထုတ်သည်။

"ဒယ်ဒီ့ရဲ့ရင်ခုန်သံတွေကို
ပေးနားထောင်မလို့လေ"

"ဟာ...ဒယ်ဒီ..."

"ပေးပါ..."

Lisaကပဲ NiNiရဲ့လက်သေးသေးလေးကို
ယူဆောင်ပြီး သူ့ရဲ့ ဘယ်ဘက်ရင်ဘက်ပေါ်မှာ
ပေးတင်လိုက်သည်။
Niniဆီက ​ရှက်ယောင်သန်းနေသည့်မျက်နာလေးကို တချက်တချက် Lisaကြည့်မိသည်။
ကြည့်နေရင်း အကြည့်ချင်းဆုံသွားစေသည့်
အခိုက်တန့်တခုမှာ Lisaနဲ့Jennie
ပြိုင်တူ ပြုံးလိုက်ကြသည်။

ပြုံးတယ်ဆိုတာကလဲ
တစ်ယောက်မျက်ဝန်းထဲကစကားတွေကို
တစ်ယောက်ကအလိုလိုနားလည်သွားလို့ပဲဖြစ်သည်။

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now