အတိတ်က အဆိပ်တွေက တခါတလေမှာ
လူတွေကို လာလာဒုက္ခပေးတတ်တယ်။
လူတိုင်းမှာအတိတ်ဆိုတာရှိကြတယ်
ဒါပေမယ့် တချို့ကပျော်ရွှင်ခြင်းအတိတ်ဖြစ်ခဲ့ပေမယ့် တချို့က တသက်လုံးကြေကွဲနာကျင်နေရမယ့်အတိတ်တွေပဲရရှိခဲ့ကြတယ်။ဒါတွေက လူတစ်ယောက်ရဲ့ ကံတရားပါပဲ
သူ့ရဲ့အတိတ်က သူ့အတွက်နာကျင်စရာတွေ
ဖြစ်ခဲ့ရလည်း ဖြေဖျောက်ပြီးမေ့ပစ်နိုင်မို့အတွက်
အတော်လေးလည်းကြိုးစားကြည့်ရမှာပါ။"မြေးလေးအခြေနေဘယ်လိုရှိလဲဆရာ..."
ထွက်ရှိလာတဲ့အဘွားရဲ့အသံတွေက တုန်ယင်နေသည်။ ကုတင်ပေါ်မှာလှဲလျောင်းနေတဲ့ မြေးဖြစ်သူLisaရဲ့ဘေးနားမှာထိုင်နေတဲ့Drကို မေးလိုက်တယ်။
မိုးရေတွေစိုရွဲလာခဲ့တဲ့ Lisaလှေကားခြေရင်းမှာ
လဲကျသွားကတည်းက အိမ်အကူတွေရော အဘွားမန်နိုဘန်ပါ အလုပ်ရှုပ်ကုန်ကြသည်။ထိုညကသူ့အတွက်တော့ အတိတ်ဆိုးတွေကို
ပြန်အမှတ်ရပြီး ကြေကွဲရတဲ့ညတညပါပဲ။
အိမ်ကို ပြန်ရောက်ပေးလာတာပါပဲ Lisaကိုကျေးဇူးတင်ရမှာပါ။"သွေးအားအရမ်းနည်းနေတယ်
စိတ်ဖိစီးနေတာထင်တယ် အလုပ်တွေအရမ်းလည်းမလုပ်စေပဲ အနားယူလိုက်ရင်ကောင်းသွားမှာပါ"Dr. Hanbinက စမ်းသပ်ကိရိယာနားကြပ်ကိုဆေးသေတ္တာထဲ ပြန်သိမ်းရင်းပြောတယ်။
"ဟုတ်...ဟုတ်ကဲ့ ဆရာ...
ကျေးဇူးတင်ပါတယ်နော်
အခုလိုညကြီးမင်းကြီး လာကြည့်ပေးတဲ့အတွက်""ရပါတယ်ခင်ဗျ ကျနော်ကဆရာဝန်ပဲ...
ပြီးတော့ Mr. Lisaက အရေးကြီးတဲ့လူပဲလေ"ဟုတ်သည် Lisaဆိုတာ မြို့ရဲ့နာမည်ကြီးသူဋ္ဌေးတစ်ယောက်ဖြစ်သလို ဂုဏ်ပုဒ်ကလည်းမသေးပေ။ Hanbinဆိုတာကလည်း Lisaရဲ့ VIP ဆရာဝန်ဖြစ်ပြီး သူ ဆရာဝန်ကြီး
တစ်ယောက်ဖြစ်အောင်Lisaကပဲ
အများကြီးကူညီပေးခဲ့သည်လေ။"ဒါကလိုအပ်တဲ့ဆေးတွေပါ
နိုးလာရင် ရေနွေးနွေးလေးနဲ့သေချာလေးတိုက်ပေးပါ""ဟုတ်ကဲ့ ဆရာ"
Lisaအတွက်ဆေးတွေကို ဘေးက အိမ်အကူတစ်ယောက်ကလှမ်းယူလိုက်ပြီး စားပွဲပေါ်မှာတင်ထားလိုက်သည်။ Lisaကတော့ Hanbinပြန်သွားသည်အထိ မနိုးလာသေးပါ။
YOU ARE READING
ANONYMOUS GIRL [JENLISA]❗
Fantasyအမည်မသိသောကောင်မလေးနဲ့ ဒယ်ဒီLalisa..... #lalisa[G!P]❗ Warning 🚫 21+❗ #liamjane date-1-6-2021